သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်းခိုးနားထောင်မှု စတင်ဖော်ထုတ်သူ သေဆုံး


ဖုန်းခိုးနားထောင်မှု စတင်ဖော်ထုတ်သူ သေဆုံး
ဖုန်းခိုးနားထောင်မှု စတင်ဖော်ထုတ်သူ သေဆုံး

The News of The World သတင်းစာက ဖုန်းခိုးနားထောင် သတင်းယူတဲ့ အကြောင်းကို ပထမဆုံး ထုတ်ဖော် ပြောကြားခဲ့တဲ့ ဗြိတိသျှ သတင်းထောက် ရှောင် ဟိုရီး (Sean Hoare) သေဆုံးသွားပြီဖြစ်ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့တာကို ဗြိတိသျှ Press Association သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။

ဖုန်းခိုးနားထောင်မှုဟာ အခု ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွမ်း (David Cameron) ရဲ့ လူမှုဆက်သွယ်ရေးဌာန အကြီးအကဲ အန်ဒီ ကာလ်ဆဲန် (Andy Coulson) အယ်ဒီတာအဖြစ် တာဝန်ယူခဲ့စဉ်က အများဆုံး ဖြစ်ခဲ့တာလို့ သတင်းထောက် ဟိုရီးရဲ့ ပြောပြချက်တွေကို ကိုးကားပြီး The New York Times သတင်းစာမှာ ဖော်ပြခဲ့တာပါ။

အခု ကာလ်ဆဲန်နဲ့ တခြား အယ်ဒီတာဟောင်း တဦးဖြစ်တဲ့ ရီဘက်ကာ ဘရုခ်စ် (Rebekah Brooks) တို့ကို ဖုန်းခိုးနားထောင်မှု၊ ရဲတွေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်မှုတွေနဲ့ ဖမ်းဆီးထားလိုက်ပါပြီ။

လန်ဒန်ရဲမင်းကြီး ပေါလ် စတက်ဖန်စန် (Paul Stephenson) နဲ့ သူ့ရဲ့လက်ထောက် ဂျွန် ယိတ်စ် (John Yates) တို့လည်း ဒီအမှုကြောင့် ရာထူးက နှုတ်ထွက်ပေးခဲ့ကြရပါတယ်။

သတင်း ကော်ပိုရေးရှင်းပိုင်ရှင် ရုပါ့တ် မားဒေ့ါချ် (Rupert Murdoch)၊ သူ့ရဲ့ သားဖြစ်သူနဲ့ ဘရုခ်စ်တို့ဟာ ဒီအမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ဗြိတိသျှ ပါလီမန်မှာ လာရောက် စစ်ဆေးခံရဖို့ ရှိပါတယ်။

သတင်းထောက်တွေဟာ နာမည်ထင်ရှား လူသိများသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပြိုင်ဘက် သတင်းထောက်တွေ၊ အသတ်ခံရသူတွေရဲ့ ထောင်ချီတဲ့ ဆဲလ်ဖုန်းတွေက အသံနဲ့ ဆက်သွယ် ပြောကြားချက်တွေကို တရားမဝင် ခိုးယူနားထောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးတဲ့နောက် တပတ်အကြာမှာ တနင်္ဂနွေနေ့ထုတ် the News Of The World သတင်းစာကို ပြီးခဲ့တဲ့ သီတင်းပတ်က ပိတ်ခဲ့ရပါတယ်။

XS
SM
MD
LG