သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်မှာ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်မှု အဆင့်တိုးမြင့် သတ်မှတ်


ဗြိတိသျှဝန်ကြီးချုပ် David Cameron အကြမ်းဖက်ခံရနိုင်မှုအရေးပြောကြား (သြဂုတ် ၂၉၊၂၀၁၄)
ဗြိတိသျှဝန်ကြီးချုပ် David Cameron အကြမ်းဖက်ခံရနိုင်မှုအရေးပြောကြား (သြဂုတ် ၂၉၊၂၀၁၄)

အဆိပ်ပြင်းတဲ့ အစ္စလာမ် အစွန်းရောက်တွေရဲ့အန္တရာယ်က ဗြိတိန်နဲ့ တကမ္ဘာလုံးအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာနေတယ်လို့ ဗြိတိသျှဝန်ကြီးချုပ် David Cameron က ပြောကြားလိုက်ပြီး ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်မှု အန္တရာယ်အဆင့်ကိုလည်း ကြီးမားတဲ့ အန္တရာယ်အဆင့်ကနေ အတော်လေး စိုးရိမ်ရတဲ့ အဆင့်အထိ သောကြာနေ့မှာ တိုးမြင့်လိုက် သတ်မှတ်လိုက်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားတို့မှာ ဖြစ်နေကြတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးအဆင့် ၅ ဆင့်ရှိတဲ့အထဲက နံပတ် ၄ အဆင့်အထိ တိုးမြင့်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။

သောင်းကျန်းသူတွေဟာ သူတို့ရဲ့ အကြမ်းဖက်ရေးလမ်းစဉ် အောင်မြင်ဖို့အတွက် အစ္စလာမ်ဘာသာ ကိုးကွယ်ယုံကြည်မှုကို ဖောက်ဖျက်နေကြတာဖြစ်တယ်လို့ ဝန်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။ Islamic State လို့ခေါ်တဲ့ အစ္စလာမ် အစွန်းရောက် စစ်သွေးကြွတွေရဲ့ အဓိက ပြဿနာဟာ အီရတ်နိုင်ငံမှာ အရင်အစိုးရက နှစ်ပေါင်းများစွာ ခွဲခြား အုပ်ချုပ်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ ရုတ်တရက် အတိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့ သတင်းအတိအကျတော့ ရမထားသေးဘူးလို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီး Theresa May က ပြောပါတယ်။ ဒါပေမယ့် အဲဒီ တိုက်ခိုက်မယ့် အစီအစဉ် တချို့ထဲမှာ ဗြိတိန်နဲ့ ဥရောပကနေ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်ဖို့အတွက် သွားရောက်ကြတဲ့သူတွေ ပါဝင်နိုင်တယ်လို့ သူမက သတိပေး ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG