သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးကိစ္စ ပြင်သစ်ကို အရေးယူမယ်လို့ ဗြိတိန်သတိပေး


ဗြိတိသျှပိုင် ဂျာစီကျွန်းဆိပ်ကမ်းနားက ပြင်သစ်တံငါသည်များ။
ဗြိတိသျှပိုင် ဂျာစီကျွန်းဆိပ်ကမ်းနားက ပြင်သစ်တံငါသည်များ။

{{Zawgyi/Unicode}}

အခု တနင်္လာနေ့မှာ သွင်းကုန်နဲ့ပတ်သက်ပြီး ပြင်သစ်က ကြောင်းကျိုးမဲ့ ခြိမ်းခြောက်တာတွေ မရုတ်သိမ်းဘူးဆိုရင် ဗြိတိန်အနေနဲ့ ပြင်သစ်ကို အရေးယူမယ် လို့ သတိပေးလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဥရောပသမဂ္ဂကနေ ဗြိတိန်ထွက်ပြီးနောက်ပိုင်း ပြင်သစ်ငါးဖမ်းလှေတွေကို ဗြိတိန်က လိုင်စင်မထုတ်ပေးတော့တာနဲ့ပတ်သက်ပြီး ပြင်သစ်ကို ဒေါသထွက် စေခဲ့တာပါ။

ပြင်သစ်သမ္မတ Emmanuel Macron က ဗြိတိန်ဘက်က ခိုင်လုံဖို့လိုအပ်ပြီး သို့မဟုတ်ပါက ပြင်သစ်အနေနဲ့ ကုန်သွယ်ရေးမှာ ပြန်လည်လက်စားချေရလိမ့်မယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောဆိုထားပါတယ်။

ငါးဖမ်းလိုင်စင်တွေထုတ်မပေးရင် ဗြိတိန်ငါးဖမ်းလှေတွေကိုလည်း ပြင်သစ်ဆိပ်ကမ်းတွေမှာ ငါးတွေလာချတာမျိုးကို ပိတ်ပစ်ဖို့နဲ့ ဗြိတိန်က သွင်းကုန်အားလုံးကို စစ်ဆေးဖို့ ပြင်သစ်ဘက်က သန္နိဌာန်ချထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ ဥရောပသမဂ္ဂ အကြီးအကဲ Ursula Von Der Leyen ကို ပြီးခဲ့တဲ့ စနေနေ့က ပြောဆိုရာမှာတော့ ပြင်သစ်ရဲ့ ငါးအလွန် အကျွံဖမ်းဆီးမှုဟာ မမျှတကြောင်းနဲ့ ဒီအငြင်းပွားမှုကို ဥရောပကနေ ဗြိတိန်ထွက် တဲ့ ကိစ္စအပေါ် ဆွဲယူပြီး မှီငြမ်းပြောဆိုနေကြောင်း စောတက တက်ထားပါတယ်ခင်ဗျာ။

ကုန်သွယ်ရေးကိစ္စ ပြင်သစ်ကို အရေးယူမယ်လို့ ဗြိတိန်သတိပေး
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်


========

{{Unicode}}







#UKFrance #UKTrade #VOABurmese


XS
SM
MD
LG