သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ ဆက္စပ္ ကုမၸဏီေတြ ၿဗိတိန္အေရးယူမႈ တက္ႂကြလႈပ္ရွားသူတခ်ိဳ႕ႀကိဳဆို


MYANMAR-BUSINESS/SERGEPUN

ရိုဟင္ဂ်ာအေရးေထာက္ခံတဲ့အေနနဲ႔ ၿဗိတိန္က ျမန္မာအေပၚ ေနာက္ထပ္ပိတ္ဆို႔ဒဏ္ခတ္မူေတြခ်လိုက္ၿပီး ICJ တရားစြဲမႈမွာလည္း ကူညီေပးဖို႔ ေၾကညာလိုက္တာကို ျမန္မာ့အေရးလူပ္ရွားသူေတြက ႀကိဳဆိုလိုက္ပါတယ္။ ရိုဟင္ဂ်ာေတြ အစုလိုက္ထြက္ေျပးရတဲ့ ၅ ႏွစ္ေျမာက္ျဖစ္တဲ့ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ အခုလိုေၾကညာလုိက္တာမွာ ျမန္မာစစ္တပ္ကို လက္နက္နဲ႔ဝင္ေငြ ပိတ္ဆို႔ဖို႔ တပ္နဲ႔ဆက္စပ္တဲ့ ကုမၸဏီ ၃ ခုကို အေရးယူလိုက္တာျဖစ္ၿပီး ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လိႈင္ရဲ႔သားျဖစ္သူ ကိုေအာင္ျပည့္စံု ပုိင္တဲ့ Sky One Construction ကုမၸဏီပါသြားတယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

ဒါ့အျပင္ ICJ ႏိုင္ငံတကာတရားခံုရံုးမွာ ဂမ္ဘီယာႏိုင္ငံကေန ျမန္မာအေပၚ Genocides လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ တရားစြဲထားတာကို ေထာက္ခံကူညီေပးသြားမယ္လို႔ ၿဗိတိန္က ေျပာဆိုလုိက္ခ်ိန္မွာပဲတာဝန္ခံမႈပါတဲ့ေနာက္ထပ္ အေရးယူမႈေတြလိုေသးတယ္လို႔ ေထာက္ျပၾကပါတယ္။ ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ရိုဟင်ဂျာအရေးထောက်ခံတဲ့အနေနဲ့ ဗြိတိန်က မြန်မာအပေါ် နောက်ထပ်ပိတ်ဆို့ဒဏ်ခတ်မူတွေချလိုက်ပြီး ICJ တရားစွဲမှုမှာလည်း ကူညီပေးဖို့ ကြေညာလိုက်တာကို မြန်မာ့အရေးလူပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အစုလိုက်ထွက်ပြေးရတဲ့ ၅ နှစ်မြောက်ဖြစ်တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ အခုလိုကြေညာလိုက်တာမှာ မြန်မာစစ်တပ်ကို လက်နက်နဲ့ဝင်ငွေ ပိတ်ဆို့ဖို့ တပ်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီ ၃ ခုကို အရေးယူလိုက်တာဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့သားဖြစ်သူ ကိုအောင်ပြည့်စုံ ပိုင်တဲ့ Sky One Construction ကုမ္ပဏီပါသွားတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ICJ နိုင်ငံတကာတရားခုံရုံးမှာ ဂမ်ဘီယာနိုင်ငံကနေ မြန်မာအပေါ် Genocides လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲထားတာကို ထောက်ခံကူညီပေးသွားမယ်လို့ ဗြိတိန်က ပြောဆိုလိုက်ချိန်မှာပဲတာဝန်ခံမှုပါတဲ့နောက်ထပ် အရေးယူမှုတွေလိုသေးတယ်လို့ ထောက်ပြကြပါတယ်။ ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

XS
SM
MD
LG