သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဆောင်သစ်ရွေးခံမယ့်ထဲ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Boris Johnson ပါနိုင် 

ဗြိတိန်ဝန်ကြီးချုုပ် လစ်လပ်နေရာမှာ ပြန်အရွေးခံမယ်လို့ သတင်းထွက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Boris Johnson
ဗြိတိန်ဝန်ကြီးချုုပ် လစ်လပ်နေရာမှာ ပြန်အရွေးခံမယ်လို့ သတင်းထွက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Boris Johnson

[[Zawgyi/Unicode]]

ဗြိတိန်မှာ ရာထူးကနုတ်ထွက်သွားတဲ့ ဗြိတိန်ဝန်ကြီးချုပ် Liz Truss နေရာအတွက် ခေါင်းဆောင်ယှဉ်ပြိုင်မယ့်သူတွေမှာ ဝန်ကြီးချုပ်ဟောင်း Boris Johnson လည်းပါဝင်လာနိုင်ခြေရှိနေပါတယ်။

ဝန်ကြီးချုပ် Liz Truss က ရာထူးတာဝန်ထမ်းဆောင်ပြီး သတင်း ၆ ပတ်အကြာမှာ ရာထူးကနေ နုတ်ထွက်တယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့တာပါ။ သူ နုတ်ထွက်လိုက်တဲ့ ကွန်ဆားဗေးတစ်ပါတီ ခေါင်းဆောင်ရာထူးအတွက် တနင်္လာနေ့ကစပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။

အခုအချိန်အထိ ဘယ်သူက ပါတီခေါင်းဆောင်အဖြစ် ဝင်အရွေးခံမယ်လို့ တရားဝင် မကြေညာသေးပေမယ့် ပါတီဝင်တွေကြားမှာ ဝန်ကြီးချုပ်ဟောင်း Johnson၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak နဲ့ အောက်လွှတ်တော်ခေါင်းဆောင် Penny Mordaunt တို့ ၃ ယောက်ကို ထောက်ခံတယ်လို့ ထုတ်ဖော်ပြောနေကြပါတယ်။ လွှတ်တော်အမတ် အနည်းဆုံး ၁၀၀ ရဲ့ ထောက်ခံမှုရရှိသူတွေအနေနဲ့ ခေါင်းဆောင်လောင်းအဖြစ် စာရင်းတင်သွင်း ယှဉ်ပြိုင်နိုင်ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့မှာ ခေါင်းဆောင်သစ်ကို ကြေညာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူအနေနဲ့ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကွန်ဆာဗေးတစ်ပါတီမှာ ဝန်ကြီးချုပ်တာဝန်ကို ယူရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် တလခွဲကြာတာဝန်ယူခဲ့တဲ့ Truss ရဲ့ စီးပွားရေး မူဝါဒတွေကြောင့် ဘဏ္ဍာငွေကြေး ဈေးကွက် ကမောက်ကမဖြစ်ပြီး ပါတီတွင်း ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေ ကြုံခဲ့ရာက နုတ်ထွက်ဖို့အထိ ဖြစ်လာခဲ့တာပါ။ Liz Truss ဟာ သုံးနှစ်အတွင်း ရာထူးက နုတ်ထွက်တဲ့ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်ပါတယ်။

ခေါင်းဆောင်သစ်ရွေးခံမယ့်ထဲ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Boris Johnson ပါနိုင်.wav
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]






===========

​
XS
SM
MD
LG