သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ခရိုင်းမီးယားဒေသ ရုရှားနဲ့ပူးပေါင်းမှု ကန် အသိအမှတ်ပြုမည်မဟုတ်


အမေရိကန်ဒု သမ္မတ Joe Biden က Ukraine လွှတ်တော်မှာစကားပြော။
အမေရိကန်ဒု သမ္မတ Joe Biden က Ukraine လွှတ်တော်မှာစကားပြော။

Ukraine နိုင်ငံအရှေ့ခြမ်း Crimea ဒေသကို ခွဲထုတ်ယူဖို့ Russia က ကြိုးစားတာကို အမေရိကန်ပြည်ထောင်စုက ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အမေရိကန်ဒု သမ္မတ Joe Biden က Ukraine လွှတ်တော်အမတ်တွေကို အာမခံပြောလိုက်လို့ Ukraine လွှတ်တော်မှာ အားလုံးမတ်တပ်ရပ်ပြီး သူ့ရဲ့ ပြောကြားချက်ကို ကြိုဆိုထောက်ခံခဲ့ကြပါတယ်။

Mr Biden က အမေရိကန်ပြည်ထောင်စုကို ပြန်မထွက်ခွာခင်မှာပဲ Ukraine လွှတ်တော်မှာ ဒီကနေ့ အင်္ဂါနေ့မှာ မိန့်ခွန်းပြောသွားတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ထောက်ခံမှုအတွက် Ukraine အမတ်တွေကို အာမခံပြောသွားပြီး Ukraine အရှေ့ခြမ်းမှာ တင်းမာမှုတွေ လျော့သွားအောင်လို့ Minsk မြို့တော်မှာ ရယူခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို Russia က ချိုးဖောက်တဲ့အပေါ် ရှုတ်ချသွားပါတယ်။

Ukraine လွှတ်တော်အမတ်တွေအနေနဲ့ အဂတိ လိုက်စားမှု ပပျောက်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းပြီး နိုင်ငံရဲ့အနာဂတ်အတွက် သိပ်ကို အရေးကြီးပါတယ်လို့ ပြောသွားပါတယ်။ Ukraine နိုင်ငံအရှေ့ခြမ်းမှာ Russia တွေ ဝင်ရောက်နေရာယူထားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ပြောကြားရာမှာတော့ Mr. Biden က ကျွန်တော် ရှင်းရှင်းလင်းလင်းပဲ ပြောပါမယ်၊ အမေရိကန်ပြည်ထောင်စုဟာ လည်း Crimea ဒေသကို Russia က ခွဲထုတ်ယူဖို့ကြိုးစားတာကို အရင်ကလည်း အသိအမှတ်မပြုပါဘူး၊ အခုရော နောင်မှာရောလည်း အသိအမှတ်ပြုမှာ မဟုတ်ပါဘူးလို့ ပြောသွားပါတယ်။

အဲဒီမှာပဲ Ukraine လွှတ်တော်အမတ်တွေ မတ်တပ်ရပ်ပြီး လက်ခုပ်တီးခဲ့ကြတာပါ။ တနလာၤနေ့တုန်းကတော့ အမေရိကန်က Ukraine ကို ဒေါ်လာ သန်း ၁၉၀ ကူညီထောက်ပံံ့မယ်လို့ Mr Biden ကြေငြာသွားတာပါ။

ဒီထောက်ပံ့ငွေတွေက ပြု ပြင်ပြောင်းလဲရေး နဲ့အဂတိလိုက်စားမှု ပပျောက်ရေးတွေ လုပ်ဆောင်ဖို့မှာ အသုံးဝင်လိမ့်မယ်လို့ Mr Biden က မနေ့ကပဲ ပြောသွားတာပါ။ Ukraine နိုင်ငံအနေနဲ့ တည်ငြိမ်ကြွယ်ဝပြီး လုံခြုံမှုရှိတဲ့ ဥရောပနိုင်ငံ တနိုင်ငံဖြစ်ဖို့ အဂတိလိုက်စားမှုကို အမြစ်ပြတ်အောင်နှိမ်နင်းဖို့ သိပ်ကို အရေးကြီးပါတယ်လို့ Ukraine သမ္မတ Petro Poroshenko ဆွေးနွေးပြီးနောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒု-သမ္မတ Biden က ပြောသွားတာပါ။

Ukraine သမ္မတ Poroshenko က ၂၀၁၄ ခုနှစ် မေလ မှာ သမ္မတ တာဝန်စယူလိုက်ကတည်းက အဂတိလိုက်စားမှုနဲ့ မကင်းတဲ့ အစိုးရအမှုလိုက် ရှေ့နေ ၄၀၀၀ နီးပါးကို ရာထူးက ထုတ်ပယ်ခဲ့ပြီးပါပြီ။ Ukraine အနေနဲ့ Russia အစိုးရနဲ့ သူ့တို့က ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးကြိုးပမ်းသူတွေရဲ့ ရန်လိုမှုတွေနဲ့ ဆက်ပြီးကြုံတွေ့နေရချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ Ukraine ပြည်သူတွေနဲ့ အတူ ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်လို့ ခေါင်းဆောင် ၂ ဦးရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ Mr Biden က ပြောသွားပါတယ်။

Ukraine အနေနဲ့ Russia အစိုးရနဲ့ သူ့တို့က ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသူပုန်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ဆက်ပြီးကြုံတွေ့နေရချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ Ukraine ပြည်သူတွေဘက်က ခိုင်ခိုင်မာမာရပ်တည်နေပါတယ်လို့ ခေါင်းဆောင် ၂ ဦးရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ Mr Biden က ပြောသွားပါတယ်။

Ukraine အရှေ့ခြမ်းမှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ Belarus နိုင်ငံ Minsk မြို့တော်မှာ Ukraine နဲ့ Russia အစိုးရ ကိုယ်စားလှယ်တွေ ခွဲထွက်ရေးသူပုန်တွေ သဘောတူထားခဲ့ကြတဲ့ သံတမန်နည်းကျဖြေရှင်းတဲ့ နည်းပဲဖြစ်တယ်လို့ လည်း ပြောသွားပါတယ်။

Ukraine အရှေ့ခြမ်းမှာ ပဋိပက္ခစတင်ခဲ့တာ တနှစ်ခွဲရှိခဲ့ပြီး အရပ်သားအများစုအပါအဝင် လူ ၈၀၀၀နီးပါးသေဆုံးခဲ့ရပြီး အခုအခါမှာ အပစ်အခတ်ရပ်စဲရေး သဘောတူထားပေမယ့်လည်း အစိုးရတပ်တွေနဲ့ Russia ကိုလိုလားတဲ့ သူပုန်တွေအကြား ကြို ကြားကြို ကြားတိုက်ပွဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG