သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် စစ်ရေးအကူအညီပေးရေး ကန်အထက်လွှတ်တော်ကြိုးပမ်း


Senate Majority Leader Chuck Schumer discusses next steps for the foreign aid package for Ukraine and Israel after the bipartisan Senate border security bill collapsed, at the Capitol in Washington, Feb. 7, 2024.
Senate Majority Leader Chuck Schumer discusses next steps for the foreign aid package for Ukraine and Israel after the bipartisan Senate border security bill collapsed, at the Capitol in Washington, Feb. 7, 2024.

ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် ဒေါ်လာဘီလီယံ ၆၀ အပါအဝင် ၉၅.၃ ဘီလီယံ စစ်ရေးအကူအညီပေးမယ့် ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က ဒီသီတင်းပတ်ကုန် အပြီးသတ်ထုတ်ပြန်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

သောကြာနေ့ နှောင်းပိုင်းမှာတော့ ဥပဒေကြမ်းကို အထက်လွှတ်တော်အမတ် ၆၄ ယောက်က ထောက်ခံခဲ့ကြပြီး၊ ၁၉ ယောက်ကတော့ ကန့်ကွက်ခဲ့တာပါ။ ဒီမိုကရက်ကိုယ်စားလှယ်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ ဥပဒေကြမ်းကို ထောက်ခံသူတွေထဲ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ် ၁၄ ယောက် ပါဝင်ခဲ့ပါတယ်။ ယူကရိန်းကို အကူအညီပေးရေးဟာ ဦးစားပေးမဟုတ်ဘူးလို့ သဘောထားနေတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ရွေးပွဲမှာ ရှေ့တန်းရောက်နေတဲ့ သမ္မတဟောင်း Donald Trump နဲ့ သဘောထားတူကြတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေကတော့ ဥပဒေကြမ်းကို ကန့်ကွက်နေကြတာပါ။

အထက်လွှတ်တော် လူများစု ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကတော့ ထောက်ခံမှုပိုရအောင် ညှိနှိုင်းဖို့ ဆန္ဒရှိကြောင်း ပြောဆိုထားပေမဲ့ မပြီးမချင်း လွှတ်တော်ကို ရပ်နားမှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။ အထက်လွှတ်တော်မှာ ဥပဒေကြမ်းကို ဒီကနေ့ တနင်္ဂနွေနေ့ မဲခွဲဆုံးဖြတ် အတည်ပြုနိုင်ခဲ့ရင်တောင်မှ ရီပတ်ဘလစ်ကန်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က အတည်ပြုဖို့ မသေချာပါဘူး။

တချိန်တည်းမှာပဲ ယူကရိန်းအတွက် အကူအညီပေးရေး အစီအစဉ်သစ်ကို လွှတ်တော်က အတည်မပြုသေးတဲ့အတွက် သမ္မတ Joe Biden ကလည်း ဝေဖန်ထားပါတယ်။

XS
SM
MD
LG