သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတိုက်လေယာဉ်တွေ ယူကရိန်း နယ်စပ် ပျံသန်း


ယူကရိန်း-ရုရှနယ်စပ်ကို ရုရှတိုက်လေယာဉ်တွေ စေလွှတ်။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄)
ယူကရိန်း-ရုရှနယ်စပ်ကို ရုရှတိုက်လေယာဉ်တွေ စေလွှတ်။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄)
ယူကရိန်း နိုင်ငံနဲ့ ကပ်နေတဲ့ ရုရှနယ်စပ်ကို ကင်းလှည့်ဖို့အတွက် ရုရှနိုင်ငံ က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။ ရုရှရဲ့ ရေတပ်အခြေစိုက် စခန်း တည်ရှိနေတဲ့ ယူကရိန်းနိုင်ငံ တောင်ပိုင်း Crimea ဒေသ မှာသေနတ်သမားတွေက လွှတ်တော်နဲ့ အစိုးရရုံးတွေထဲကို ဝင်ရောက် စီးနင်းခဲ့ပြီးတော့ အဆောက်အဦးတွေထဲမှာ ရုရှအလံကို လွှင့်ထူခဲ့ကြပါတယ်။

အဲ့ဒီ့ဒေသမှာ နေထိုင်သူ အများဟာ ရုရှလိုလားကြသူတွေဖြစ်ပါတယ်။ ရုရှသမ္မတ ဘာလာဒီမီရာပူတင်ရဲ့ အမိန့်ပေးချက်အရ ရုရှ ဂျက်လေယာဉ်တွေဟာ ယူကရိန်း-ရုရှ နယ်စပ်ဝေဟင်တွေပေါ်မှာ ပျံသန်း စစ်ရေးလေ့ကျင့်မှုတွေကို လုပ်နေပါတယ်။ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် လုပ်နေတဲ့ ယူကရိန်းနိုင်ငံဘက်က အမြင်မှားနိုင်တဲ့ ဆောင်ရွက်မှုမျိုး တစုံတရာ မလုပ်ဖို့ အတွက်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂဲလ်က ရုရှကို သတိပေးခဲ့ပါတယ်။

ယူကရိန်းရဲ့ ပိုင်နက်တည်တံ့ခိုင်မြဲဖို့အတွက်ကို အမေရိကန်က ခိုင်ခိုင်မာမာထောက်ခံ တယ်ဆိုပြီးတော့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟေဂဲလ်က ပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုရှရဲ့ ပင်လယ်နက် ရေတပ်မဟာ အခြေစိုက်စခန်းထဲက စစ်သားတွေကို အပြင်မထွက်ဖို့ အတွက်ကိုလည်း ယူကရိန်း ယာယီသမ္မတက သတိပေးထားပါတယ်။ ကိရပ်ဗ်မြို့တော်မှာတော့ စီးပွားရေးဝန်ကြီးဟောင်း Arseniy Yatsenyuk ကို ဝန်ကြီးချုပ် အဖြစ် လွှတ်တော်က အတည်ပြု ခန့်အပ်လိုက်ပါတယ်။
XS
SM
MD
LG