သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း Slovynask မြို့ကို အစိုးရတပ်တွေ ပြန်သိမ်း


ယူကရိန်းနိုင်ငံတော်အလံလွှင့်ထူပြီး မောင်းနှင်လာတဲ့ ယူကရိန်းတင့်ကားတစ်စီး Slaviansk မြို့ စစ်ဆေးရေးဂိတ်အနီး ရောက်လာစဉ်။ (ဂျူလိုင် ၃၊ ၂၀၁၄)
ယူကရိန်းနိုင်ငံတော်အလံလွှင့်ထူပြီး မောင်းနှင်လာတဲ့ ယူကရိန်းတင့်ကားတစ်စီး Slaviansk မြို့ စစ်ဆေးရေးဂိတ်အနီး ရောက်လာစဉ်။ (ဂျူလိုင် ၃၊ ၂၀၁၄)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ အဓိက ခြေကုပ်ရာ Slovyansk မြို့ကို အစိုးရတပ်တွေက ပြန်လည် ထိန်းချုပ် လိုက်ပါပြီ။ ဒီမြို့ပေါ်မှာ နိုင်ငံတော်အလံကို လွှင့်ထူဖို့ သမ္မတ Petero Poroshenko က စစ်တပ်ကို ဒီကနေ့ အမိန့်ပေးလိုက်ပါတယ်။

အစိုးရတပ်တွေက မော်တာကျည်တွေနဲ့ ပစ်ခတ်တာ ခံခဲ့ရပြီးတဲ့နောက်မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေ မြို့ကနေ ထွက်ခွာသွားကြတယ်လို့ အစိုးရတာဝန်ရှိသူတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေဟာ ဧပြီလ အစောပိုင်းကစလို့ Slovyansk မြို့က အစိုးရရုံးတွေနဲ့ ရဲဌာနချုပ်တွေကို သိမ်းယူထားခဲ့တာပါ။

ခွဲထွက်ရေးဝါဒီတွေနဲ့ လတွေနဲ့ချီ တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ အခု ဒီမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာကတော့ အစိုးရအတွက် ရှားရှားပါးပါး အောင်မြင်မှုပဲ ဖြစ်ပါတယ်။ သူပုန်အဖွဲ့တွေဟာ Slovyansak မြို့အနီးက Kramatorsk မြို့ကို ရွှေ့ပြောင်းနေရာယူခဲ့ပုံ ရပေမယ့် နောက်ပိုင်းမှာ အဲဒီမြို့ကနေလည်း သူပုန်တွေ အတော်များများ ထွက်ခွာခဲ့ကြတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

XS
SM
MD
LG