သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းပိုင်နက် အဆုံးရှုံးခံမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ပြော


ယူကရိန်းယာယီဝန်ကြီးချုပ် Arseniy Yatsenyuk
ယူကရိန်းယာယီဝန်ကြီးချုပ် Arseniy Yatsenyuk
ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသမှာရှိတဲ့ အာဏာပိုင်တွေက ရုရှားအစိုးရနဲ့ ပေါင်းဖို့အစီအစဉ်တွေကို တွန်းအားပေးလုပ်ဆောင်လာတာနဲ့ အမျှ ရုရှားတပ်တွေကလည်း ခရိုင်မီးယားဒေသကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ်ထိန်းချုပ်လာနေပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ် Arseniy Yatsenyuk ကတော့ သူတို့ရဲ့နယ်မြေကို ၁ လက်မမှ အဆုံးရှုံးခံမှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ ကိယဗ်မြို့မှာပြုလုပ်ခဲ့တဲ့ ယူကရိန်းနိုင်ငံရဲ့ သူရဲကောင်းလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်တဲ့ Taras Shevchenko ရဲ့ နှစ် ၂၀၀ ပြည့်မွေးနေ့အခမ်းအနား သူက ထောက်ခံသူတွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။

မစ္စတာ ရတ် ဆန်ယွတ်ခ်ဟာ ခရိုင်;မီးယားဒေသ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ အခြေအနေကို ဆွေးနွေးဖို့အတွက် အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် ဝါရှင်တန်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံတောင်ပိုင်းက ခရိုင်မီးယားဒေသဟာ မဟာဗျူဟာကျတဲ့ ကျွန်းဆွယ်ဒေသဖြစ်ပြီး အများစုက
ရုရှားဘာသာစကားပြောကြသူတွေဖြစ်ပါတယ်။

လာမယ့် မတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်မယ့် လူထုဆန္ဒခံယူပွဲအတွင်း ခရိုင်းမီးယားဒေသအနေနဲ့ ရုရှားနိုင်ငံကိုပူးပေါင်းဖို့ မဲပေးခဲ့မယ်ဆိုရင် ခရိုင်မီးယားဒေသက စက်မှုလုပ်ငန်း အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့ ရုရှားအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံကို သီးသန့်ဖယ်ပေးထားပေးတယ်လို့ ရုရှားလွှတ်တော်အမတ်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်လ်က ရုရှားအစိုးရက ထောက်ခံတဲ့ လူထုဆန္ဒခံယူပွဲဟာ တရားမဝင်ဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖောက်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို တနင်္ဂနွေနေ့က ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG