သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း တိုက်ခိုက်မှုကြောင့် ရုရှားရေနံစက်ရုံ လုပ်ငန်းတွေရပ်ဆိုင်း


အမေရိကန်လုပ် ATACMS မစ်ဇိုင်းဒုံး
အမေရိကန်လုပ် ATACMS မစ်ဇိုင်းဒုံး

ယူကရိန်းက အမေရိကန်လုပ် ATACMS မစ်ဇိုင်းဒုံး ၉ ခုနဲ့ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ခဲ့သလို၊ တခြားဒေသတွေမှာလည်း အဝေးထိန်းဒရုန်း အနည်းဆုံး ၆၀ လောက်နဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း ရုရှားတာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။

အပြင်းအထန် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတောင်ပိုင်းက ရေနံချက်လုပ်ငန်းတခု ရပ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ အမေရိကန်လုပ် မစ်ဇိုင်းဒုံး ၉ ခုကို ခရိုင်းမီးယားဒေသမှာ ရုရှားလေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ် ပစ်ချခဲ့သလို၊ Krasnodar ဒေသမှာ ဒရုန်း ၅၇ ခုနဲ့ Belgorod ဒေသမှာ ၃ ခု ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

Krasnodar ဒေသက Slavyansk အရပ်မှာရှိတဲ့ ရေနံချက် စက်ရုံပေါ်ကို ဒရုန်း ၆ စင်း ပျက်ကျခဲ့ကြောင်းလည်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှုနောက်ပိုင်း လုပ်ငန်းတွေ ရပ်ထားရတယ်လို့လည်း ရုရှားသတင်းဌာန Interfax က ဖော်ပြခဲ့တာပါ။ နေ့စဉ် ရေနံစည်ပေပါ ၁ သန်း လောက် နှုန်းနဲ့ တနှစ်ကို ရေနံ မက်ထရစ်တန် ၄ သန်း ထုတ်လုပ်နေတဲ့ ပုဂ္ဂလိကပိုင် စက်ရုံ လုပ်ငန်းတွေ ရပ်နားထားရတာနဲ့ ပတ်သက်လို့ ရုရှားအစိုးရကတော့ လတ်တလော တစုံတရာ ပြောဆိုတာ မတွေ့ရသေးပါဘူး။

Forum

XS
SM
MD
LG