သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ဒေဝါလီမခံရစေဖို့ ဒေါ်လာ ဘီလီယံ ၁၀ အရေးပေါ်လိုအပ်


အီးယူ- ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk (ယာ) နဲ့ ယူကရိန်းဝန်ကြီးချုပ် Arseniy Yatsenyuk (ဝဲ) တို့ ဘရပ်ဆဲလ်မှာရှိတဲ့ ဥရောပကောင်စီ ရှေ့မှာ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၄)
အီးယူ- ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk (ယာ) နဲ့ ယူကရိန်းဝန်ကြီးချုပ် Arseniy Yatsenyuk (ဝဲ) တို့ ဘရပ်ဆဲလ်မှာရှိတဲ့ ဥရောပကောင်စီ ရှေ့မှာ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၄)

ယူကရိန်းနိုင်ငံ ဒေဝါလီမခံရစေဖို့ ဒေါ်လာသန်းပေါင်း တသောင်းရဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ယူကရိန်း ဝန်ကြီးချုပ် Arseniy Yatsenyuk ကပြောပါတယ်။

တနင်္လာနေ့ ဘရပ်ဆဲလ်မှာ အီးယူ ဥရောပသမဂ္ဂနိုင်ငံများ ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ သတင်းထောက်တွေက မစ္စတာ ယာဆန်နွတ်ကို ဘယ်အချိန်မှာ ငွေလိုအပ်တာလဲလို့မေးကြတဲ့အခါ မစ္စတာ ယာဆန်နွတ်က မနေ့ကတည်းက လိုအပ်နေတာလို့ ပြောပါတယ်။

ယူကရိန်းနိုင်ငံဟာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ စစ်ပွဲဆင်နွှဲနေရတာမို့ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျနေတာဖြစ်ပါတယ်။ ယူကရိန်း ငွေကြေးဖြစ်တဲ့ hryvnia အတွက် ငွေလဲနှုန်းကလည်း မကြုံစဖူး အနိမ့်ဆုံးအနေအထားကို ရောက်နေတာပါ။ ယူကရိန်းအနေနဲ့ ငွေကြေး ထောက်ပံ့မှုတွေရချင်ရင် သူ့နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အကောင်ထည်ဖော်ရမယ်လို့ အီးယူကတောင်းဆိုနေပါတယ်။

မစ္စတာ ယာဆင်နွတ်ကတော့ ယူကရိန်းအနေနဲ့ အရှေ့ပိုင်းက ယူကရိန်းခွဲထွက်ရေးသမားတွေကို လက်နက်ရော၊ စစ်သားတွေပါ ပေးပို့ပြီး တိုက်နေတယ်လို့ အများသတ်မှတ်ထားတဲ့ နျူကလီယား ပိုင်ဆိုင်တဲ့ရုရှားကို ယှဉ်ပြီးတိုက်ဖို့ကသိပ်ခက်ပါတယ်လို့ ပြောပါတယ်။

XS
SM
MD
LG