သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဗုံးခိုကျင်းတွေ လုံခြုံမှုမရှိကြောင်း ပြည်ထဲရေးဌာန စစ်ဆေးတွေ့ရှိ


ရုရှားတိုက်ခိုက်ခံရပြီးနောက် ယူကရိန်းအလယ်ပိုင်း Uman ရှိ လူနေအဆောက်အအုံတစ်ခုတွင်း အပျက်အစီးများကို ကယ်ဆယ်ရေးလုပ်သားတွေက ဖယ်ရှားနေစဉ် (ဧပြီလ ၂၈ ရက်၊ ၂၀၂၃)
ရုရှားတိုက်ခိုက်ခံရပြီးနောက် ယူကရိန်းအလယ်ပိုင်း Uman ရှိ လူနေအဆောက်အအုံတစ်ခုတွင်း အပျက်အစီးများကို ကယ်ဆယ်ရေးလုပ်သားတွေက ဖယ်ရှားနေစဉ် (ဧပြီလ ၂၈ ရက်၊ ၂၀၂၃)

ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းနိုင်ငံက ဗုံးခိုကျင်းတွေဟာ ဒေသခံတွေကို အကာကွယ်ကောင်းကောင်း မပေးနိုင်ကြောင်းနဲ့ ဒီဗုံးခိုရာ နေရာတွေဟာ ရုရှားတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံရတဲ့ ပြည်သူတွေအတွက် လုံခြုံမှုမရှိဘူးလို့ ယူကရိန်းပြည်ထဲရေးဝန်ကြီး Ihor Klymenko က စနေနေ့မှာ ပြောပါတယ်။

ယူကရိန်းဗုံးခိုကျင်းတွေ လုံခြုံမှုမရှိကြောင်း ပြည်ထဲရေးဌာန စစ်ဆေးတွေ့ရှိ

ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းနိုင်ငံက ဗုံးခိုကျင်းတွေဟာ ဒေသခံတွေကို အကာကွယ်ကောင်းကောင်း မပေးနိုင်ကြောင်းနဲ့ ဒီဗုံးခိုရာ နေရာတွေဟာ ရုရှားတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံရတဲ့ ပြည်သူတွေအတွက် လုံခြုံမှုမရှိဘူးလို့ ယူကရိန်းပြည်ထဲရေးဝန်ကြီး Ihor Klymenko က စနေနေ့မှာ ပြောပါတယ်။

အခုအချိန်အထိ ဗုံးခိုရာ နေရာပေါင်း ၄၈၀၀ ကျော်ကို စစ်ဆေးနိုင်ခဲ့ပြီး အဲဒီထဲက ၂၅၀ ကျော်ဟာ ပိတ်ထားကြောင်းနဲ့ ၉၀၀ နီးပါးကလည်း ပုန်းခိုဖို့ မသင့်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ယူကရိန်းမြို့တော် Kyiv ကို ရုရှားတပ်တွေ ပစ်ခတ်ခဲ့ချိန်က အသက် ၉နှစ်အရွယ် သမီးနဲ့ မိခင်ဖြစ်သူတို့ဟာ ပိတ်ထားတဲ့ ဗုံးခိုရာနေရာကို ဝင်ဖို့ ကြိုးစားရင်း အသက်သေဆုံး ခဲ့ရတာပါ။ ဇနီးမောင်နှံ ၂ ဦးဟာလည်း ပိတ်ထားတဲ့ ဆေးရုံတခုထဲ ဗုံးခိုဖို့ ကြိုးစားရင်း ဇနီးဖြစ်သူဟာ မစ်ဇိုင်းဒုံးကျည် အစ ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

အခုလို ဖြစ်စဉ်တွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆို အရေးယူနေတယ်လို့ Kyiv ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးက ပြောပါတယ်။ ဗုံးခိုဖို့ လုပ်ထားတဲ့ နေရာတွေကို သော့ခတ်ထားတာနဲ့ ပတ်သက်ပြီး တိုင်တန်းမှုပေါင်း တထောင်ကျော် ရထားတယ်လို့ Kyiv မြို့တော်ဝန်က စနေနေ့မှာ ပြောပါတယ်။

ရုရှားတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ခံနေရတဲ့ ယူကရိန်းနိုင်ငံတလွှားက ဗုံးခိုရာနေရာ တွေအတွက် အရေးပေါ်အကူညီ လုပ်အားပေး ၅၃၀၀ ကျော်ပါဝင်ပြီး ရဲတွေ ဒေသအာဏာပိုင် ရုံးတာဝန်ရှိသူတွေက ဆက်လက် စစ်ဆေးနေတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။

တချိန်ထဲမှာပဲ ရုရှားကျူးကျော်စစ်အတွက် တန်ပြန်ထိုးစစ်ဆင်မှု စတင်ဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ ပြောကြားချက်ကို စနေနေ့ထုတ် Wall Street စာစောင်မှာ ဖေါ်ပြထားပါတယ်။ ဘယ်အချိန်မှာ စတင်မယ်ဆိုတာ မသိပေမယ့် အသင့်ဖြစ်နေပြီ ဖြစ်ပြီး ယူကရိန်းဘက်က အောင်နိုင်မယ်လို့ သူခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ပြောပါတယ်။

XS
SM
MD
LG