သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားယာဉ်တန်း ဝင်ရောက်မှု ယူကရိန်း ပြင်းပြင်းထန်ထန် ရှုတ်ချ


ရုရှား-ယူကရိန်း နယ်စပ်ဂိတ်ကနေ ရုရှားယာဉ်တန်း ဝင်ရောက်။ (သြဂုတ် ၂၂၊ ၂၀၁၄)။
ရုရှား-ယူကရိန်း နယ်စပ်ဂိတ်ကနေ ရုရှားယာဉ်တန်း ဝင်ရောက်။ (သြဂုတ် ၂၂၊ ၂၀၁၄)။

ယူကရိန်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိပဲ ရုရှား အကူအညီပေးရေးယာဉ်တန်းတွေ ယူကရိန်းနယ်မြေထဲ ဝင်ရောက်လာတာဟာ ကျူးကျော်မှုသက်သက်သာဖြစ်တယ်လို့ ယူကရိန်းက ပြောဆိုလိုက်ပါတယ်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ သောကြာနေ့မှာ အခုလို ပြောဆိုလိုက်တာပါ။ ထရပ်ကား အစီးရေ ၂၀၀ ပါဝင်တဲ့ ဒီယာန်တန်းဟာ ယူကရိန်း ရုရှားနယ်စပ်မှာ အစစ်ဆေးခံဖို့အတွက် ရက်အတန်ကြာ စောင့်ဆိုင်းအပြီး ယူကရိန်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခဲ့တာပါ။ Kyiv က ခွင့်ပြုချက်ကို မစောင့်နိုင်တော့တဲ့အတွက် အခုလိုဝင်ရောက်တာလို့ Moscow က သောကြာနေ့မှာ ပြောပါတယ်။

အစားအစာ၊ ရေ၊ လျှပ်စစ်ဓါတ်အားပေးစက်နဲ့ အိပ်ရာတွေ တင်ဆောင်ထားတဲ့ ထရပ်ကားတွေဟာ ဒီကနေ့မှာ ယူကရိန်းနိုင်ငံထဲကို ဝင်ရောက်ဖို့ ညွှန်ကြားချက် လက်ခံရရှိခဲ့တာပါ။ ဒီလိုဝင်ရောက်ခဲ့တဲ့ယာဉ်တန်းတွေမှာ လုံခြုံရေး အာမခံချက် မရှိတဲ့အတွက် ဒီယာဉ်တန်းတွေနဲ့ အတူ လိုက်ပါမဟုတ်တဲ့အကြောင်းကိုတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC က ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယာဉ်တန်း ဝင်ရောက်နိုင် ဖို့ နှောင့်နှေးအောင် ဆောင်ရွက်နေတဲ့ နောက်ထပ် အကြောင်းပြစရာတွေကို လက်ခံဖို့ မရှိတော့ဘူးလို့ဆိုပါတယ်။

ဒီယာဉ်တန်းဟာ ယူကရိန်းအရှေ့ပိုင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ Luhansk မြို့ကို သွားမှာဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွါးနေတဲ့ အဲဒီမြို့မှာ ဒေသခံတွေဟာ သီတင်းပါတ် အတော်ကြာ နေထိုင်နေကြရပြီး သူပုန်တွေဟာလည်း နယ်မြေ ထိန်းချုပ်ထားဖို့အတွက် အစိုးရစစ်တပ်ကို ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG