သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း Slovyansk မြို့ မှာ ရုရှားလိုလားသူနဲ့ ဆန့်ကျင်သူကြား ပစ်ခတ်မှုဖြစ်ပွား


လက်နက်ကိုင် ရုရှားလိုလားသူတွေ ယူကရိန်းအရှေ့ပိုင်း Kramatorsk မြို့က ရဲစခန်းကို ဝင်ရောက်စီးနင်းစဉ်။ (ဧပြီလ ၁၂၊ ၂၀၁၄)
လက်နက်ကိုင် ရုရှားလိုလားသူတွေ ယူကရိန်းအရှေ့ပိုင်း Kramatorsk မြို့က ရဲစခန်းကို ဝင်ရောက်စီးနင်းစဉ်။ (ဧပြီလ ၁၂၊ ၂၀၁၄)
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Slovyansk မြို့မှာ ယူကရိန်းအထူးတပ်တွေနဲ့ ရုရှား လိုလားတဲ့လက်နက်ကိုင်တွေကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် ၂ ဖက်လုံးမှာ အသေအပျောက်တွေရှိခဲ့ပါတယ်။

ယူကရိန်းအထူးလုံခြုံရေးအရာရှိတယောက် သေဆုံးပြီး နောက်ထပ် ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov ကပြောပါတယ်။ ရုရှား လိုလားတဲ့ ဆန္ဒပြသူတွေဖက်ကလဲ ၁ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ Slovyansk မြို့ကရဲစခန်းတခုနဲ့ ရုရှား နွယ်ဖွားတွေ အများစု နေထိုင်ကြတဲ့ Donetsk နဲ့ Kramatorsk မြို့တွေက အစိုးရအဆောက်အဦးတွေထဲ ရုရှား လိုလားတဲ့ သေနတ်သမားတွေ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာ ယူကရိန်းအရှေ့ပိုင်းမှာ ခုလို မငြိမ်မသက်ဖြစ်နေတာပါ။

ဒေသတွင်း တင်းမာမှုတွေ တိုးလာတဲ့အပေါ် အလွန်အမင်း စိုးရိမ်တယ်လို့ နေတိုးအဖွဲ့ အကြီးအကဲ Anders Fogh Rasmussen ကပြောကြားခဲ့ပြီး ပြဿနာနည်းသွားအောင်လုပ်ဖို့နဲ့ ယူကရိန်းနယ်စပ်မှာရှိနေတဲ့ ရုရှား တပ်ထောင်နဲ့ချီကို ရုပ်သိမ်းပေးဖို့ ရုရှား အစိုးရကို တောင်းဆိုလိုက်ပါတယ်။
XS
SM
MD
LG