သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ Crimea ပြင်ဆင်


ရုရှားလိုလားသူ ခရိုင်းမီးယားဝန်ကြီးချုပ် Sergei Askyonov (လယ်)
ရုရှားလိုလားသူ ခရိုင်းမီးယားဝန်ကြီးချုပ် Sergei Askyonov (လယ်)
ယူကရိန်းနိုင်ငံ Crimea ဒေသ အာဏာပိုင်တွေက ရုရှားနဲ့ပူးပေါင်းဖို့ ရှေ့တိုးလုပ်ဆောင်နေတဲ့အချိန်မှာပဲ Crimea ဒေသကို ရုရှားတပ်ဖွဲ့တွေကို ပိုမို တင်းကြပ် ချုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။

ရုရှားနိုင်ငံနဲ့ ပေါင်းစည်းရေး လူထုဆန္ဒခံယူပွဲကို စီစဉ်ထားတဲ့အတိုင်း လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမယ်လို့ Crimea ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ Myhkailo Malyshev က တနင်္လာနေ့မှာ ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေက Crimea ဒေသအနောက်ပိုင်း နယ်စပ်စခန်းကို သိမ်းပိုက်လိုက်တဲ့အတွက် အထဲမှာ လူ ၃၀ လောက် ပိတ်မိနေတယ်လို့ ဆိုပါတယ်။ အခုချိန်မှာ ရုရှားတပ်ဖွဲ့တွေက Crimea ဒေသအတွင်းမှာရှိတဲ့ နယ်ခြားစောင့်စခန်း ၁၁ ခုကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရက ဆိုပါတယ်။

ပြိုင်ဘက်အုပ်စုတွေ Crimea ဒေသအတွင်းမှာရော ယူကရိန်းနိုင်ငံအတွင်းက တခြား ဒေသတွေမှာပါ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့သလို Sevastopol မှာလည်း ရုရှားလိုလားတဲ့အုပ်စုတွေက ယူကရိန်းလူမျိုးတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

ယူကရိန်းနိုင်ငံပိုင်နက် တစ်စင်တီမီတာမှ ရုရှားထဲကို အပါခံမှာမဟုတ်ဘူးလို့ ယူကရိန်းလူမျိုး မျိုးချစ် ကဗျာဆရာကြီး Taras Shevchenko ရဲ့ အနှစ် ၂၀၀ မွေးနေ့ပွဲကျင်းပချိန် ဝန်ကြီးချုပ် Arseniy Yatsenyuk က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
XS
SM
MD
LG