ယူကရိန်းကနေ ခရိုင်းမီးယား ကျွန်းဆွယ်ခွဲထက်ဖို့ ဆန္ဒမဲခံယူတာကို ရုရှားက ကျောထောက်နောက်ခံ အားပေးခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တကွ ဥရောပ မိတ်ဆွေတွေက ရုရှားအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ လုပ်ဖို့ပြင်ဆင်နေပြီလို့ သမ္မတ ဘာရက် အိုဘားမားက ရုရှားသမ္မတ Vladimir Putin ကို တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
တနင်္ဂနွေနေ့ ခရိုင်းမီးယား ဆန္ဒမဲခံယူတာဟာ ယူကရိန်းဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုချိုးဖေါက်နေတာမို့ တရားမဝင်ဘူးလို့ သမ္မတအိမ်ဖြူက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီမဲပေးမှုကို အမေရိကန်ပြည်ထောင်စု ကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဘယ်တော့မှ အသိမှတ်ပြုမှာ မဟုတ်ဖူးလို့လည်း ဖေါ်ပြထားပါတယ်။
တယ်လီဖုန်းသတင်းတွေအရ ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသမှာ ဆန္ဒမဲကောက်ယူခဲ့ရာမှာ ၉၅ % က ယူကရိန်းကနေ ခွဲထွက်ပြီး ရုရှားနဲ့ ပေါင်းဖို့ မဲပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲအာဏာပိုင်တွေက ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်ကို မဲထက်ဝက်လောက် ရေတွက်ပြီးချိန် တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပြီး လာရောက်မဲထည့်သူဟာ မဲပေးခွင့်ရှိသူအားလုံး ရဲ့ ၇၅ % ကနေ ၈၀ % ကြား ရှိတယ်လို့ ဆိုပါတယ်။
ခရိုင်းမီးယားက ရုရှားလိုလားတဲ့ ခေါင်းဆောင် Sergei Aksyonov က သူ့အစိုးရအဖွဲ့ဟာ ရုရှားဖယ်ဒရေးရှင်းနဲ့ ပူးပေါင်းဖို့ တနင်္လာနေ့မှာ တရားဝင် တင်သွင်းတော့မယ်လို့ ကြေညာလိုက်တဲ့ အချိန်မှာပဲ အခုလို မဲအရေအတွက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ယူကရိန်းမြို့တော် ကီးယက်မှာတော့ ယာယီဝန်ကြီးချုပ် Arseniy Yatsenyuk က ဒီ ရုရှားကျောထောက်နောက်ခံ ပေးထားတဲ့ ခရိုင်းမီးယား ဆန္ဒခံယူပွဲဟာ ရုရှားအစိုးရ အတင်းအကြပ်စေခိုင်းလို့ ကပြရတဲ့ မျက်လှည့်ပွဲတခုလို့ ဝန်ကြီးများအဖွဲ့ အရေးပေါ် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
မဲရုံတွေ ပိတ်ပြီးမကြာခင်မှာပဲ အစောပိုင်းက အမေရိကန်သမ္မတအိမ်ဖြူက ဒီဆန္ဒခံယူပွဲကို လက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
ယူကရိန်းနိုင်ငံရဲ့ အနာဂတ်အတွက် ယူကရိန်းအစိုးရမပါပဲ ဘယ်ဆုံးဖြတ်ချက်မှာ မချသင့်သလို ယူကရိန်းနိုင်ငံမှာ မေလ ၂၅ ရက်နေ့ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲတွေကနေ သူတို့နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာအတွက် ယူကရိန်းနိုင်ငံသား အားလုံး ထုတ်ဖေါ်ပြောကြား နိုင်ကြောင်းလည်း ဖေါ်ပြထားပါတယ်။
ယူကရိန်းပြဿနာအဖြေရှာရေးအတွက် ယူကရိန်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ဗဟိုချုပ်ကိုင်မှုမထားပဲ အာဏာကို ခွဲဝေအုပ်ချုပ် နိုင်အောင် ပြင်ဆင်ဖို့အတွက် တွန်းအားပေးသွားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ တနင်္ဂနွေနေ့မှာ သဘောတူခဲ့ကြပါတယ်။
ခရိုင်းမီးယားဒေသမှာ မတ်လ ၂၁ ရက်နေ့အထိ အပစ်အခတ်မလုပ်ဖို့ ယူကရိန်းနဲ့ ရုရှား နှစ်ဘက် သဘောတူညီမှုတွေ ရခဲ့ကြောင်း ယူကရိန်း ယာယီကာကွယ်ရေးဝန်ကြီးက ကီးယက်ဗ်မှာ သတင်းထောက်တွေ ကိုပြောပါတယ်။
တနင်္ဂနွေနေ့ မဲမပေးခင် တရက်မှာ ရုရှားတပ်တွေဟာ ခရိုင်းမီးယားနားက သဘာဝဓါတ်ငွေ့ပေးတဲ့ စက်ရုံကို သိမ်းပိုက်ခဲ့ပါတယ်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကတော့ ဒါဟာ ရုရှားက စစ်ရေးအရကျူးကျော်တဲ့ လုပ်ရပ်လို့ ဆိုပါတယ်။
ယူကရိန်းက ခရိုင်းမီးယားကို ရေနဲ့ စွမ်းအင်လိုအပ်ချက်တွေ အားလုံးကို ပေးဝေနေတာဖြစ်ပြီး အခုလို ရုရှားတပ်တွေ သိမ်းပိုက်ခဲ့တာဟာ ခရိုင်းမီးယားရဲ့ စွမ်းအင်လိုအပ်ချက်ဟာ သူတို့အပေါ်မှာ မူတည်နေတာ သိအောင်ပြတာဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။