သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုံးခွင်းဒုံးနဲ့ ရုရှားဒုံးကျည်ကို ကာကွယ်


Patriot Missile System
Patriot Missile System

ရုရှားက ပစ်လွှတ်လိုက်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို ယူကရိန်းလေတပ်က ကိဗ်မြို့တော်ပေါ်မှာ အမေရိကန် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်သုံးပြီး ပြန်ပစ်ချလိုက်နိုင်တယ်လို့ ယူကရိန်းက ဒီကနေ့ပဲ ထုတ်ပြန်သွားပါတယ်။ ရုရှားရဲ့ အဆင့်အမြင့်ဆုံး နောက်ဆုံးပေါ် Kinzhal ပဲ့ထိန်းတပ် ဒုံးကျည်ကို အခုလို ကြားဖြတ်ကာကွယ်နိုင်တာ ဒါ ပထမဆုံး ထုတ်ပြန်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ Kinzhal ဒုံးကျည် အမျိုးအစားက အသံထက်မြန်တဲ့ အားပြင်းဒုံးဖြစ်လို့ မြေအောက် ဗုံးခိုခန်းလို၊ တောင်အောင်လှိုင်ခေါင်းလို အရံအတားထူထပ်တဲ့ ပစ်မှတ်တွေကို ဖျက်ဆီးနိုင်စွမ်း ရှိတာပါ။ ယူကရိန်းအနေနဲ့ အမေရိကန်ရဲ့ Patriot ဒုံးကျည်ကာကွယ်ရေးစနစ် သုံးတယ်ဆိုတာလည်း ဒါပထဆုံး တရားဝင် ပြောကြားတာပါ။ အမေရိကန်၊ ဂျာမနီ၊ နဲ့ နယ်သာလန်နိုင်ငံတို့က ယူကရိန်းကို Patriot ဒုံးခွင်းဒုံးတွေ ပေးထားကြတာ ဖြစ်ပါတယ်။

သောကြာနေ့တော့ ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီး ရှေ့ပူးပေါင်းဆောင်ရွတ်ရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်နဲ့ ပူးပေါင်းပြီး အာဏာရှင်တွေကို တိုက်ထုတ်နေတာပါ။ အမြင့်ဆုံးပူးပေါင်းဆောင်ရွတ်မှုတွေ လုပ်နေပါတယ်လို့ ပြောသွားခဲ့ပါတယ်။

https://www.president.gov.ua/en/news/prezident-ukrayini-zustrivsya-z-delegaciyeyu-amerikanskih-ko-82709

ယူကရိန်းရဲ့ ရှေ့တန်းစစ်မျက်နှာ အခြေအနေကိုလည်း ရှင်းပြပြီး လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေကိုလည်း အသေးစိတ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ယူကရိန်းသမ္မတ အစိုးရအင်တာနက်စာမျက်နှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG