သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အိန္ဒိယသွားရောက်


ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba

ရုရှားနဲ့ ဆက်ဆံရေး ပြေလည်တဲ့ အိန္ဒိယအစိုးရနဲ့ ဆက်ဆံရေး တိုးတက်အောင်ကြိုးစားဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အိန္ဒိယကို သွားရောက်ခဲ့ပါတယ်။ ကြာသပတေးနေ့ထဲက ရောက်နေတဲ့ ယူကရိန်းဝန်ကြီး Dmytro Kuleba ဟာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar အပါအဝင် လက်ထောက် အမျိုးသား လုံခြုံရေးအကြံပေးအရာရှိတို့နဲ့ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ တွေ့ဆုံပါတယ်။ အိန္ဒိယဟာ စစ်အေးခေတ်ကာလကတည်းက ရုရှားရဲ့ အရင်းနှီးဆုံး မဟာမိတ်အဖြစ် ရပ်တည်လာခဲ့သလို ယူကရိန်းကို ကျူးကျော်စစ်တိုက်နေတဲ့အပေါ်မှာလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း မရှိခဲ့ပါဘူး။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ယူကရိန်းသမ္မတ Volodymyr Zelenskiy, ရုရှားသမ္မတ Vladimir Putin တို့နဲ့ သပ်သပ်စီ ဆက်သွယ်ဆွေးနွေးခဲ့ပြီး သီတင်းတပတ်အကြာမှာ ယူကရိန်းဝန်ကြီး Kuleba အိန္ဒိယကို ရောက်လာတာ ဖြစ်ပါတယ်။ ရုရှား-ယူကရိန်း ပဋိပက္ခဟာ သံတမန်ရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းရမယ့်ကိစ္စ ဖြစ်တယ်လို့ အိန္ဒိယက ယုံကြည်နေပြီး ဒီကိစ္စပြေလည်ရေး ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးလိုကြောင်းလည်း ပြောဆိုထားပါတယ်။

လက်ရှိပဋိက္ခ အမြန်အဆုံးသတ်ပြီး ငြိမ်းချမ်းရေး အမြန်ရရှိဖို့ အိန္ဒိယက ဆောင်ရွက်ပေးလိုကြောင်း ယူကရိန်းသမ္မတ Zelenskiy ကို သူ့အနေနဲ့ ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ် Modi က X လူမှုကွန်ရက်မှာ ရေးသားခဲ့သလို လူသားစာမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ တချိန်ထဲမှာဘဲ ရုရှားသမ္မတ Vladimir Putin ရွေးကောက်ပွဲ အနိုင်ရခဲ့တာကို ချီးကျူးဂုဏ်ပြုစကား ဝန်ကြီးချုပ် Modi က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG