သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေ ယူကရိန်း လွတ်ငြိမ်းခွင့်ပေးမည်


အတိုက်အခံခေါင်းဆောင် Arseniy Yatsenyuk.
အတိုက်အခံခေါင်းဆောင် Arseniy Yatsenyuk.
အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေအတွင်း ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးဖို့ ယူကရိန်းလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေ သိမ်းပိုက်ထားတဲ့ အဆောက်အဦးတွေကနေ ထွက်ခွာပေးမှသာ သူတို့အတွက် လွတ်ငြိမ်းခွင့်ပေးဖို့ သတ်မှတ်ထားပါတယ်။

ဒီလိုလွတ်ငြိမ်းခွင့်ပေးဖို့ လွှတ်တော်အမတ်တွေက ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်တာဖြစ်ပေမဲ့ အတိုက်အခံတွေကတော့ ဒီလိုလုပ်ဆောင်မှုကို သဘောမတူပါဘူး။ အတိုက်အခံခေါင်းဆောင် Arseniy Yatsenyuk ကတော့ ဆန္ဒပြသူတွေကို အဆောက်အဦးတွေထဲက ထွက်ခိုင်းတဲ့ အချက်ပါနေတာအတွက် လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ Viktor Yanukovych က ရုရှားနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်အောင် အီးယူ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်မှုစာချုပ်ချုပ်ဆိုဖို့ ကိစ္စကို ပယ်ဖျက်ခဲ့တဲ့ မနှစ်က နိုဝင်ဘာလကစပြီး ဆန္ဒပြသမားတွေက လမ်းမတွေပေါ်မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ရုရှားသမ္မတ Vladimir Putin ကတော့ ယူကရိန်းမှာ အတိုက်အခံတွေဘက်က အာဏာရလာတယ်ထားဦး၊ ရုရှားအစိုးရ အခု ကတိပေးထားတဲ့ ဒေါ်လာ ၁၅ ဘီလျံကို ဆက်ပေးမှာဖြစ်တဲ့အပြင် ရုရှားကနေ ယူကရိန်းကို ပေးမယ့် သဘာဝဓာတ်ငွေ့တွေအတွက် ရေရှည်မှာ ဈေးလျှော့ပေးဖို့လည်း လုပ်ဆောင်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကတိပေးခဲ့ပါတယ်။
XS
SM
MD
LG