သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိုးစစ်ဆင်ဖို့ကြေညာ


Slaviansk ရဲဌာနချုပ်ဘေးမှာ မီးလှုံနေကြတဲ့ ရုရှားလိုလားသူ လက်နက်ကိုင်များ။ (ဧပြီ ၁၃၊ ၂၀၁၄)
Slaviansk ရဲဌာနချုပ်ဘေးမှာ မီးလှုံနေကြတဲ့ ရုရှားလိုလားသူ လက်နက်ကိုင်များ။ (ဧပြီ ၁၃၊ ၂၀၁၄)
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေအနေနဲ့ လက်နက်ချဖို့ နောက်ဆုံးရာဇသံပေးထားချိန် နီးကပ်လာချိန်မှာ ဒီမိုကရေစီထောက်ခံသူတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov က နိုင်ငံအရှေ့ပိုင်းက အစိုးရ အဆောက်အဦးတွေကိုသိမ်းထားတဲ့ ရုရှားလိုလားတဲ့ စစ်သွေးကြွတွေအနေနဲ့ တနင်္လာနေ့မနက်မှာ နောက်ဆုံး လက်နက်ချဖို့နဲ့ မလိုက်နာရင် အကြမ်းဖက် ဆန့်ကျင်မှုစစ်ပွဲ အပြင်းထန်ဆုံး စတင် ဆင်နွှဲတော့မယ်လို့ သတိပေးထားပါတယ်။

ယူကရိန်း ယာယီသမ္မတက ခရိုင်းမီးယားကို ရုရှားဘက်က ပြီးခဲ့တဲလထဲသိမ်းယူအပြီးမှာ နိုင်ငံအရှေ့ပိုင်းကို ဆက်သိမ်းဖို့ လုပ်လာတာကို လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ရုပ်မြင်သံကြားကနေ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးက ခုလိုစစ်ဆင်ဖို့ကြေညာလိုက်တာကို ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အရေးပေါ် အစည်းအဝေးခေါ်ဖို့ တောင်းဆိုလိုက်တာကြောင့် မြန်မာစံတော်ချိန် တနင်္လာနေ့မနက် ၆:၃၀၊ အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ည ၈ နာရီမှာ အစည်းအဝေးခေါ်ထားပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Slovyansk မြို့မှာ ယူကရိန်းအထူးတပ်တွေနဲ့ လက်နက်ကိုင်တွေကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် ၂ ဘက်လုံးမှာ အသေအပျောက်တွေရှိခဲ့အပြီးမှာ ယူကရိန်းသမ္မတက ခုလိုစစ်ကြေညာလိုက်တာပါ။

သမ္မတက ဆက်ပြီး ရုရှားအနေနဲ့ တချိန်က သူ့နိုင်ငံအစိတ်အပိုင်းဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံကို အားနည်းသွားအောင် စစ်စတိုက်နေပြီ၊ ယူကရိန်းနိုင်ငံသားအချင်းချင်း ကြားမဟုတ်တဲ့ ဒီစစ်ပွဲမှာ သွေးမြေကျတာတွေရှိခဲ့ရပြီလို့ ဆိုလိုက်ပါတယ်။
XS
SM
MD
LG