သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒုကၡသည္ေတြ ရုရွားနဲ႔ဘဲလာရုစ္ဘက္ လမ္းဖြင္႔ေပးဖို႔ ရုရွားအဆိုျပဳခ်က္ ယူကရိန္းေဝဖန္


ဗံုးဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ တံတားကို ျဖတ္လာေနတဲ့ ယူကရိန္းႏိုင္ငံ ၿမိဳ႕ေတာ္ Kyiv အေရွ႕ေျမာက္မွာရွိတဲ့ Irpin ၿမိဳ႕ကထြက္ေျပးလာတဲ့ စစ္ေျပးဒုကၡသည္မ်ား (မတ္လ ၇၊ ၂၀၂၂)

႐ုရွားရဲ႕ တိုက္ခိုက္မႈေၾကာင့္ အိုးအိမ္စြန္႔ခြါ ထြက္ေျပးရတဲ့ ဒုကၡသည္ေတြကို ႐ုရွားနဲ႔ ဘဲလာ႐ုစ္ကို ကယ္ထုတ္ဖို႔ ႐ုရွားအစိုးရရဲ႕ အဆိုျပဳခ်က္အတြက္ ယူကရိန္းအရာရွိေတြက ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ၿပီး ဒီစစ္ေရွာင္ေတြကို ယူကရိန္းအေနာက္ပိုင္း ဒါမွမဟုတ္ ဥေရာပသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြဆီဝင္ခြင့္ျပဳဖို႔ ပန္ၾကားလိုက္ပါတယ္။

တနလၤာေန႔မွာ ႐ုရွားနဲ႔ ယူကရိန္းတို႔ၾကား တတိယအႀကိမ္ၫွိႏႈိင္းမႈေတြ မလုပ္ခင္ မိနစ္ပိုင္းေလးမွာပဲ ယူကရိန္းၫွိႏႈိင္းေရးမႈး Mykhailo Podolyak က ႐ုရွားရဲ႕ အရပ္သားေတြအေပၚ ႀကီးမားတဲ့ အၾကမ္းဖက္မႈေတြ အတြက္ ရႈတ္ခ်ေၾကာင္း တြစ္တာ ကေန ေျပာပါတယ္။ ယူကရိန္းကို ႐ုရွားက ေဖေဖၚဝါရီလ ၂၄ ရက္ေန႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ခ်ိန္ကစၿပီး ၂ ဖက္ ၫွိႏႈိင္းေရးမႈးေတြ ၂ ႀကိမ္တိုင္ ေတြ႕ဆံုေဆြးေႏြးခဲ့ၿပီး ျဖစ္ပါတယ္။

တတိယအႀကိမ္ထပ္မံေတြ႕ဆံုၿပီး ၿငိမ္းခ်မ္းေရးၫွိႏႈိင္းမႈ လုပ္ေနခ်ိန္မွာပဲ ယူကရိန္းအရပ္သားေတြကို တိုက္ခိုက္ေနမႈ အဆံုးသတ္ဖို႔ ႐ုရွားကို အေမရိကန္နဲ႔ ယူကရိန္းအရာရွိေတြက တိုက္တြန္းလိုက္ပါတယ္။

လူသားခ်င္းစာနာမႈ လမ္းေၾကာင္းဖြင့္ေပးဖို႔ သေဘာတူထားတဲ့ ႐ုရွားက ယူကရိန္းမွာ အဆက္မျပတ္ဗံုးႀကဲ တိုက္ခိုက္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနခ်ိန္မွာပဲ ႐ုရွားဘက္က အခုလိုတိုက္ခိုက္ေနတာေတြ ရပ္ဖို႔႔၊ ေဒသခံေတြအတြက္ စားနပ္ရိကၡာနဲ႔ ေဆးပစၥည္းေတြေပးခြင့္ျပဳဖို႔နဲ႔ စစ္ပြဲအတြင္း ပိတ္မိေနသူေတြ ေဘးလြတ္ရာထြက္သြားခြင့္ျပဳဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က Latvia ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ပူးတြဲျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားလိုက္တာပါ။

တနလၤာေန႔ ကုလသမဂၢလံုျခံဳေရးေကာင္စီကလည္း ယူကရိန္းရဲ႕ ဆိုးဝါးတဲ့ လူသားစာနာမႈ အေျခေနေတြနဲ႔ ပတ္သက္ၿပီး တနလၤာေန႔မွာ အစည္းေဝးျပဳလုပ္ခဲ့တာပါ။ ယူကရိန္းအေရး သံတမန္ေရးေဆာင္ရြက္ေနတဲ့ ဝန္ႀကီး Blinken ဟာ တနလၤာေန႔က Latvia ႏိုင္ငံ Riga ၿမိဳ႕ေတာ္မွာ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး Yair Lapid နဲ႔ ေတြ႕ဆံုၿပီး အပစ္အခတ္ရပ္စဲေရး ဆိုင္ရာပူးေပါင္းေဆာင္ရြက္ဖို႔ ေဆြးေႏြးခဲ့ပါတယ္။

================

ဒုက္ခသည်တွေ ရုရှားနဲ့ဘဲလာရုစ်ဘက် လမ်းဖွင့်ပေးဖို့ ရုရှားအဆိုပြုချက် ယူကရိန်းဝေဖန်

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ရုရှားနဲ့ ဘဲလာရုစ်ကို ကယ်ထုတ်ဖို့ ရုရှားအစိုးရရဲ့ အဆိုပြုချက်အတွက် ယူကရိန်းအရာရှိတွေက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ဒီစစ်ရှောင်တွေကို ယူကရိန်းအနောက်ပိုင်း ဒါမှမဟုတ် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဆီဝင်ခွင့်ပြုဖို့ ပန်ကြားလိုက်ပါတယ်။

တနင်္လာနေ့မှာ ရုရှားနဲ့ ယူကရိန်းတို့ကြား တတိယအကြိမ်ညှိနှိုင်းမှုတွေ မလုပ်ခင် မိနစ်ပိုင်းလေးမှာပဲ ယူကရိန်းညှိနှိုင်းရေးမှုး Mykhailo Podolyak က ရုရှားရဲ့ အရပ်သားတွေအပေါ် ကြီးမားတဲ့ အကြမ်းဖက်မှုတွေ အတွက် ရှုတ်ချကြောင်း တွစ်တာ ကနေ ပြောပါတယ်။ ယူကရိန်းကို ရုရှားက ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကစပြီး ၂ ဖက် ညှိနှိုင်းရေးမှုးတွေ ၂ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

တတိယအကြိမ်ထပ်မံတွေ့ဆုံပြီး ငြိမ်းချမ်းရေးညှိနှိုင်းမှု လုပ်နေချိန်မှာပဲ ယူကရိန်းအရပ်သားတွေကို တိုက်ခိုက်နေမှု အဆုံးသတ်ဖို့ ရုရှားကို အမေရိကန်နဲ့ ယူကရိန်းအရာရှိတွေက တိုက်တွန်းလိုက်ပါတယ်။

လူသားချင်းစာနာမှု လမ်းကြောင်းဖွင့်ပေးဖို့ သဘောတူထားတဲ့ ရုရှားက ယူကရိန်းမှာ အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ ရုရှားဘက်က အခုလိုတိုက်ခိုက်နေတာတွေ ရပ်ဖို့၊ ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးပစ္စည်းတွေပေးခွင့်ပြုဖို့နဲ့ စစ်ပွဲအတွင်း ပိတ်မိနေသူတွေ ဘေးလွတ်ရာထွက်သွားခွင့်ပြုဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က Latvia နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

တနင်္လာနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ယူကရိန်းရဲ့ ဆိုးဝါးတဲ့ လူသားစာနာမှု အခြေနေတွေနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ အစည်းဝေးပြုလုပ်ခဲ့တာပါ။ ယူကရိန်းအရေး သံတမန်ရေးဆောင်ရွက်နေတဲ့ ဝန်ကြီး Blinken ဟာ တနင်္လာနေ့က Latvia နိုင်ငံ Riga မြို့တော်မှာ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid နဲ့ တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG