သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျုးကျော်စစ်ကြောင့် ရုရှားတပ်ဖွဲ့ဝင် ၃ သိန်း ၇ သောင်းကျော် သေဆုံးကြောင်း ယူကရိန်းထုတ်ပြန်


FILE - Mourners gather to lay flowers in memory of more than 60 Russian soldiers that Russia says were killed in a Ukrainian strike on Russian-controlled territory, in Samara, on Jan. 3, 2023.
FILE - Mourners gather to lay flowers in memory of more than 60 Russian soldiers that Russia says were killed in a Ukrainian strike on Russian-controlled territory, in Samara, on Jan. 3, 2023.

ယူကရိန်းအပေါ် ကျုးကျော်စစ် စတင်ချိန်ကနေ အခုအထိ ရုရှားတပ်ဖွဲ့ဝင် ၃၇၆,၀၃၀ သေဆုံးခဲ့ကြောင်း ယူကရိန်း စစ်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဒီအထဲမှာ ပြီးခဲ့တဲ့ရက်က သေဆုံးသူ ၇၆၀ လည်း ပါဝင်ပါတယ်။

ကျည်ကာကား ၁၁၄၆၆ စင်း၊ လောင်စာတင်ယာဉ်နဲ့ တခြားယာဉ်အမျိုးအစား ၁၁၈၆၂ စင်းနဲ့ တင့်ကား ၆၁၈၁ စင်းအပါအဝင် စစ်သုံးယာဉ်တွေနဲ့ အသုံးအဆောင်တွေ အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ ယူကရိန်းက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအပေါ် ရုရှားက လတ်တလော တစုံတရာ တုန့်ပြန်တာတော့ မရှိသေးပါဘူး။

ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း Donetsk မြို့က ဈေးတခုမှာ လက်နက်ကြီး ကျရောက်ရာက ဒါဇင်နဲ့ချီ သေကျေဒဏ်ရာရခဲ့ပါတယ်။ ရုရှားက ခန့်အပ်ထားတဲ့ Tekstilshchik မြို့တော်ဝန် Alexei Kulemzin ကတော့ ယူကရိန်းက ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာလို့ ပြောပါတယ်။ ဘော်လတစ်ပင်လယ်က ရုရှားဓာတ်ငွေ့ရည် ထုတ်လုပ်ရာ Novatek မှာလည်း ဒီကနေ့ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ မီးလောင်မှု ဖြစ်ပွားတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အနီးအနားတဝိုက်မှာ အဝေးထိန်းဒရုန်းတွေ တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

XS
SM
MD
LG