သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား၊ ယူကရိန်း တိုက်ခိုက်မှုတွေကြား အရပ်သားတချို့သေဆုံး


ရုရှား ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Kharkiv မှာ အရပ်ဖက် အဆောက်အဦးတခု - ဇွန် ၂၂၊ ၂၀၂၄
ရုရှား ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Kharkiv မှာ အရပ်ဖက် အဆောက်အဦးတခု - ဇွန် ၂၂၊ ၂၀၂၄

ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ ဒီကနေ့ တိုက်ခိုက်မှုတွေအတွင်း သေကြေထိခိုက်မှုတွေ ရှိခဲ့ကြောင်း နှစ်ဘက်အပြန်အလှန် သတင်းထုတ်ပြန်ပါတယ်။ ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ ယူကရိန်းရဲ့ မစ်ဇိုင်းဒုံး ထိမှန်ရာက ကလေးတဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး၊ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ရုရှားအစိုးရက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Sevastopol အရပ်မှာ တိုက်ခိုက်ခံရမှုကြောင့် ၂ နှစ်သား ကလေးတဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးကြောင်း ဒေသခံတာဝန်ရှိသူတွေက အတည်ပြုကြောင်း အုပ်ချုပ်ရေးမှူး Mikhail Razvozhayev က Telegram လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာတွေကြောင့် ဆေးကုသပေးရသူ ၂၂ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Kharkiv မှာ အရပ်ဖက် အဆောက်အဦးတခုကို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ၂ ဦးသေ၊ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့တုန်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ၅ ထပ်အဆောက်အဦးမှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဒီကနေ့ ပြီးဆုံးသွားပြီလို့လည်း အရေးပေါ်ဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

ပဲ့ထိန်းတပ် ဗုံးထိမှန်မှုကြောင့် ၂ ဦး သေဆုံးပြီး ကလေး ၃ ယောက် အပါအဝင် ၅၃ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း အစိုးရရဲ့ အရေးပေါ်ဌာနက Telegram မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Forum

XS
SM
MD
LG