သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Crimea ဒေသ ယူကရိန်းပိုင်ဖြစ်ကြောင်း သမ္မတသစ်ပြော


ယူကရိန်းသမ္မတသစ် Petro Poroshenko သမ္မတကျမ်းသစ္စာကျိန်ဆိုစဉ်။ (ဂျွန် ၇၊ ၂၀၁၄)
ယူကရိန်းသမ္မတသစ် Petro Poroshenko သမ္မတကျမ်းသစ္စာကျိန်ဆိုစဉ်။ (ဂျွန် ၇၊ ၂၀၁၄)
ယူကရိန်းနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ဘီလျံနာသူဌေးကြီး Petro Poroshenko စနေနေ့က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ Kyiv မြို့တော်
လွှတ်တော်ခန်းမထဲမှာ ပြုလုပ်ခဲ့တဲ့ ကျမ်းကျိန်ပွဲကို အမေရိကန်ဒုသမ္မတ Joe Biden အပါအဝင် အထူးဧည့်သည်တော်တွေ တက်ရောက်ခဲ့ပါတယ်။

သမ္မတအဖြစ် ပထမဆုံး ပြောတဲ့ မိန့်ခွန်းထဲမှာ မစ္စတာ Poroshenko က Crimea ဒေသကို ယူကရိန်းပိုင်ဆိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းတောင်ပိုင်းက Crimea ဒေသဟာ ယူကရိန်းတို့ရဲ့ ပိုင်နက်ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ်၊ နောင်လည်း ဖြစ်နေမယ်လို့ သမ္မတသစ် Poroshenko ကပြောပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံရဲ့ ၅ ယောက်မြောက် ဖြစ်တဲ့ သမ္မတက Russia တို့ Crimea ဒေသကို ခွဲယူသွားတာကို လက်မခံဘူးလို့လည်း သမ္မတအဖြစ် ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

Russia လိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းတပ်တွေကြား တိုက်ခိုက်နေတဲ့ ယူကရိန်းအရှေ့ပိုင်းက ယူကရိန်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်အောင် လမ်းဖွင့်ဖို့လည်း ကတိပြုခဲ့ပါတယ်။ လက်နက်ချပြီး အကြမ်းဖက်မှုတွေ အဆုံးသပ်သွားအောင် ညှိနှိုင်းဆွေးနွေးလိုသူတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးကို လိုလားပြီး ယူကရိန်းနိုင်ငံ စည်းလုံးရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်။ သမ္မတလုပ်ငန်းတွေကို ငြိမ်းချမ်းရေးအစီအစဉ်တခုနဲ့ စတင်မယ်လို့ ယူကရိန်း သမ္မတသစ်က ပြောကြားခဲ့ပါတယ်။

သမ္မတသစ် Petro Poroshenko အနေနဲ့ ဆိုးဝါးနေတဲ့ ယူကရိန်း စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန်အောင်လုပ်ဖို့၊ ပြဿနာရှိနေတဲ့ Russia နဲ့နယ်စပ်ဒေသတွေ တည်ငြိမ်အောင်လုပ်ဖို့ စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
XS
SM
MD
LG