သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ယာယီ အပစ်အခတ်ရပ်စဲရေး သက်တမ်း ထပ်မတိုး

ယူကရိန်းသမ္မတ Petro Poroshenko
ယူကရိန်းသမ္မတ Petro Poroshenko

ယူကရိန်းသမ္မတ Petro Poroshenko က သူ့အစိုးရအနေနဲ့ နိုင်ငံအရှေ့ပိုင်းမှာ (၁၀) ရက်ကြာ တဖက်သတ် အပစ်ခတ် ရပ်စဲထားတာကို သက်တမ်း ထပ်တိုးပေးတော့မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့အပြင် ရုရှားကို လိုလားတဲ့ သူပုန်တွေကို ထိုးစစ်ဆင် တိုက်ခိုက်မယ်ပြောလိုက်ပါတယ်။

"ဒို့ပိုင်တဲ့ မြေကို လွတ်လပ်စေရမယ်" လို့ သမ္မတက ပြောလိုက်ပါတယ်။

အခုလိုဆုံးဖြတ်ချက်ချရတာဟာ အကြမ်းဖက်သမားတွေ၊ သူပုန်တွေ၊ လူ့ယက်သူတွေကို တုန့်ပြန်တာဖြစ်ပြီး ဒီလူတွေဟာ နိုင်ငံရဲ့ စီးပွားရေးကို ချိနဲ့သွားအောင် လုပ်နေကြသူတွေဖြစ်တယ်လို့ သမ္မတ Poroshenko က အင်္ဂါနေ့မှာ ဝဘ်ဆိုက် တခုကနေ ကြေညာခဲ့တာပါ။ အဲဒီလို ကြေညာချက် ထုတ်ပြန်ပြီး ခဏအကြာမှာပဲ အလားတူ ကြေညာချက်ကို နိုင်ငံပိုင် ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပါတယ်။

Kyiv မြို့တော်မှာရှိတဲ့ နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ Interfax-Ukraine က နိုင်ငံရဲ့ အရှေ့ပိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်လည် စတင်နေပီလို့ ကြေညာသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG