သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အရေးဖြေရှင်းဖို့ အိုဘားမားဆီ ပူတင် ဖုန်းဆက်


အိုဘားမားနဲ့ ပူတင် ယူကရိန်းအရေး ဖုန်းဆက်ဆွေးနွေး (မတ် ၁၊ ၂၀၁၄)
အိုဘားမားနဲ့ ပူတင် ယူကရိန်းအရေး ဖုန်းဆက်ဆွေးနွေး (မတ် ၁၊ ၂၀၁၄)
ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့အတွက် အမေရိကန်ရဲ့အဆိုပြုချက်ကို ဆွေးနွေးဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဆီ သောကြာနေ့က ဖုန်းဆက်ခဲ့ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကို ပေးခဲ့တဲ့ သံတမန်ရေး အဆိုပြုချက်ကို စာနဲ့တုန့်ပြန်ဖို့ မစ္စတာအိုဘားမားက အကြံပြုခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါ တယ်။

ဝန်ကြီးကယ်ရီက ဝန်ကြီးလက်ဗ်ရော့ဗ်ကိုပေးခဲ့တဲ့ အဆိုပြုချက် အသေးစိတ်ကိုတော့ သမ္မတအိမ်ဖြူတော်က မပြောပါဘူး။ ဒါပေမဲ့ လည်း ရုရှားတပ်ဖွဲ့တွေ သူတို့ရဲ့ ခရိုင်မီးယား အခြေစိုက်စခန်းတွေထိ ပြန်ပြီးဆုတ်ဖို့နဲ့ ခရိုင်မီးယားက ရုရှားလူနည်းစု တိုင်းရင်း သားတွေ ဘေးကင်း လုံခြုံစေရေး သေချာစေဖို့ အပြည်ပြည်ဆိုင်ရာ လေ့လာစောင့်ကြည့်သူတွေ ဝင်ခွင့်ပြုရေး အမေရိကန်က ဖိအားပေးနေခဲ့တာပါ။

ယူကရိန်းအစိုးရဟာ ပဋိပက္ခအပေါ် ထိန်းထိန်းသိမ်းသိမ်းနဲ့ အရှိန်လျော့စေမယ့် နည်းလမ်းနဲ့ ဆက်ပြီးချဉ်းကပ်နေတယ်လို့ သမ္မတ အိုဘားမားကပြောပြီး ဒီလုပ်ငန်းစဉ်ကို ထောက်ခံဖို့နဲ့ နောက်ထပ် ရန်လိုမှုတွေ ရှောင်ရှားဖို့ ရုရှားကို တိုက်တွန်းထားပါတယ်။

နောက်ထပ် လုပ်ဆောင်ရမှာတွေကို ဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဖြစ်တဲ့ လက်ဗ်ရော့်ဗ်နဲ့ ကယ်ရီတို့ လာမယ့်ရက်တွေ အတွင်း တွေ့ဆုံ ဆွေးနွေးမယ်လို့ ခန့်မှန်းထားပါတယ်။
XS
SM
MD
LG