သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုံးပြန်ဆင်းတဲ့ ယူကရိန်းသမ္မတ ဖိအားပေးခံရ


ယူကရိန်းသမ္မတ Viktor Yanukovych
ယူကရိန်းသမ္မတ Viktor Yanukovych
ယူကရိန်းနိုင်ငံမှာ အတိုက်အခံတွေက သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ဖို့ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ဖို့ တောင်းဆိုမယ်လို့ ပြောဆိုနေချိန်မှာ ယူကရိန်း သမ္မတ ဗစ်တာ၊ ယန်နူကိုဗစ် (Viktor Yanukovych) ကျန်းမာရေး မကောင်းတဲ့အတွက် ၄ ရက်ကြာ ဆေးခွင့်ယူခဲ့ပြီးတဲ့နောက် တနင်္လာနေ့မှာ ရုံးပြန်တက်နေပြီဖြစ်ပါတယ်။

အတိုက်အခံတွေက သမ္မတရဲ့လုပ်ပိုင်ခွင့်ကို ကန့်သတ်တဲ့ အရင်ကရှိခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ပြောင်းလဲပြင်ဆင် သတ်မှတ်ဖို့အရေး လိုလားနေကြတာပါ။ နိုင်ငံရဲ့အစိုးရ ဖွဲ့စည်းတဲ့နေရာမှာ ပါလီမန်ကို လုပ်ပိုင်ခွင့်တွေ ပိုပေးဖို့ ဖြစ်ပါတယ်။

ဒီလို အရင်ကဖွဲ့စည်းပုံကို ၂၀၀၄ ခုနှစ်မှာ ပြဌာန်းခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ငံရဲ့ဖွဲ့စည်းပုံတရားရုံးကနေ ပြန်ပြီးတော့ ဖျက်သိမ်းလိုက်ခဲ့ပါတယ်။

၂၀၀၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးကျင့်သုံးမယ်ဆိုရင် သမ္မတရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ပိုင်ခွင့်တွေကို ပယ်ဖျက် ပစ်မှာဖြစ်တယ်လို့ အတိုက်ခံခေါင်းဆောင် အာဆင်နီ ယတ်ဆန်ယွတ် (Arseniy Yatsenyuk) က တနင်္လာနေ့မှာ ပြောပါတယ်။

ဒီအဆိုပြုချက်ကို ယူကရိန်းပါလီမန်က အင်္ဂါနေ့မှာ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် အတိုက်ခံ တွေက အစိုးရဆန့်ကျင်ရေးဆန္ဒပြ လှုတ်ရှားမှုအတွင်း ဖမ်းဆီးထားသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ နောက်ပြီး အတိုက်ခံတွေက သမ္မတယန်နိုကိုဗစ်ရှ် ကို ရာထူးကနေ ဆင်းပေးဖို့နဲ့ သမ္မတရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့ တောင်းဆိုနေကြပါတယ်။
XS
SM
MD
LG