Ukraine နိုင်ငံမှာ ရာထူးက ဖြုတ်ချခံသမ္မတ Viktor Yanukovych ဟာ အရပ်သား အများကြီးကို သတ်ပစ်ခဲ့တယ်လို့စွပ်စွဲပြီး ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဒီဖမ်းဝရမ်းထုတ်ထားတာကို ယာယီပြည်ထဲရေးဝန်ကြီး Arsen Avakhov က ဒီကနေ့ တနင်္လာနေ့မှာ Facebook စာမျက်နှာမှာ ကြေညာသွားပါတယ်။
Russia ကို လိုလားတဲ့ Crimea ဒေသမှာ Mr. Yanukovych ကို နောက်ဆုံးတွေ့ရကြောင်း သူကပြောပေမယ့် Mr. Yanukovych ဘယ်မှာရှိလဲဆိုတာ နေရာအတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒီအတောအတွင်းမှာပဲ ဥရောပသမဂ္ဂ EU ရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton ဟာ Ukraine ကို ဒီကနေ့သွားရောက်ပြီး Ukraine နဲ့ EU နီးကပ်မှုကိုလိုလားတဲ့ ကြားဖြတ်အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
Ukraine နိုင်ငံမှာ နိုင်ငံရေး စီးပွားရေးတည်ငြိမ်မှုရှိဖို့ EU အနေနဲ့ ဘယ်လိုကူညီနိုင်မလဲဆိုတာကို ဒီ Kyiv မြို့တော်ခရီးစဉ်မှာ Ms. Ashton ထည့်သွင်း ဆွေးနွေးမှာ ဖြစ်တယ်လို့ သူ့ရဲ့ရုံးကပြောပါတယ်။ Ukraine နိုင်ငံက ပြည်သူတွေကြားမှာက ဥရောပနဲ့ ဆက်ဆံရေးကို လိုလားသူတွေနဲ့ Russia နဲ့ ပို နီးစပ်ချင်သူတွေဆိုပြီး အုပ်စု ကွဲနေတာပါ။
ဖြုတ်ချခံသမ္မတ Yanukovych က ပြီးခဲ့တဲ့ နိုဝင်ဘာမှာ EU ရဲ့ ကုန်သွယ်ရေး သဘောတူညီမှုကို ပယ်ချခဲ့တာကြောင့် အခုသူရာထူးက ဖယ်ရှားခံရတဲ့အထိ ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ တနင်္ဂနွေနေ့မှာတော့ လွှတ်တော်ဥက္ကဋ္ဌ Oleksandr Turchynov က Ukraine ရဲ့ ယာယီဝန်ကြီးချုပ် ဖြစ်လာပါတယ်။
တနင်္ဂနွေနေ့ညမှာ မိန့်ခွန်းပြောကြားတော့ သူက Kyiv မြို့တော် လွတ်လပ်ရေးရင်ပြင်က လူထုဆန္ဒပြပွဲတွေကို ထောက်ပြာသွားပြီး EU နဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးပေါ်ပေါက်အောင်လုပ်ဆောင်မယ့် အစီအစဉ်ကို အလေးပေးပြောသွားခဲ့ပါတယ်။
ယူကရိန်းမငြိမ်မသက်မှုများ မှတ်တမ်းဓာတ်ပုံ။
http://www.voanews.com/contentinfographics/interactive---ukraine-timeline/1856375.html