သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြုတ်ချခံ သမ္မတ မသမာမှု ယူကရိန်း ဝန်ကြီးချုပ်သစ် စွပ်စွဲ


ယူကရိန်းဝန်ကြီးချုပ်သစ် Arseniy Yatsenyuk (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄)
ယူကရိန်းဝန်ကြီးချုပ်သစ် Arseniy Yatsenyuk (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ ဖြုတ်အချခံခဲ့ရတဲ့ သမ္မတ ယာနူကိုဗစ်ချ်ဟာ တိုင်းပြည်ဘဏ္ဍာငွေတွေကို ဘီလျံနဲ့ချီပြီး ခိုးယူခဲ့တယ်လို့ ယူကရိန်းဝန်ကြီးချုပ်သစ် Arseniy Yatsenyuk ကစွပ်စွဲလိုက်ပါတယ်။

လူကြိုက်များတဲ့ အတိုက်အခံခေါင်းဆောင် မစ္စတာ Yatsenyuk ကို ယာယီအစိုးရအဖွဲ့သစ်ကို ဦးဆောင်မယ့် ဝန်ကြီးချုပ်အသစ်အဖြစ် ယူကရိန်းပါလီမန်က ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ယူကရိန်းအစိုးရက လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း ပြည်ပမှာဖွင့်ထားတဲ့ ဘဏ်စာရင်းတွေထဲ အစိုးရပိုင်ငွေဒေါ်လာ ဘီလျံ ၇၀ လွှဲပေးခဲ့သလို အစိုးရအကြွေးရခဲ့တဲ့ ဒေါ်လာ ၃၇ ဘီလျံပါ ပျောက်သွားခဲ့တာမို့ ယူကရိန်းနိုင်ငံမှာ ငွေကြေးပြဿနာ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်ခဲ့ရတယ်လို့ မစ္စတာ Yatsenyuk ကပြောပါတယ်။

သူဟာ အနောက်နိုင်ငံတွေကို လိုလားတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတယောက်ပါ။ ဒါ့အပြင် စီးပွါးရေးဝန်ကြီးဟောင်း တယောက်လည်း ဖြစ်တဲ့အတွက် ယူကရိန်းနိုင်ငံရဲ့ စီးပွါးရေး မပြိုလဲအောင် ကာကွယ်ဖို့က သူ့ရဲ့ ဦးစားပေး တာဝန်တရပ်ဖြစ်နေတာပါ။

IMF ခေါ် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့နဲ့ အီးယူ ဥရောပသမဂ္ဂတို့က ယူကရိန်းနိုင်ငံတွင်း လိုအပ်ချက်တွေကို သိရဖို့ သူတို့ရဲ့ အဖွဲ့တွေကို ယူကရိန်းကို စေလွတ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ယူကရိန်းကို ချေးငွေ ဒေါ်လာသန်း တထောင်ချထားပေးဖို့ စဉ်းစားနေတာပါ။
XS
SM
MD
LG