သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းရွေးကောက်ပွဲ ဥရောပယိမ်း ပါတီတွေ ရှေ့ရောက်


Kyiv မြို့အတွင်း ရွေးကောက်ပွဲကော်မရှင်က မဲရေတွက်ဖို့ စတင်စဉ်။ (အောက်တိုဘာ ၂၆)
Kyiv မြို့အတွင်း ရွေးကောက်ပွဲကော်မရှင်က မဲရေတွက်ဖို့ စတင်စဉ်။ (အောက်တိုဘာ ၂၆)

တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ယူကရိန်းပါလီမန်ရွေးကောက်ပွဲရဲ့ ဆန္ဒမဲ ၆၅% ကို ရေတွက်ပြီးစီးနေချိန်မှာတော့ ဥရောပကိုလိုလားတဲ့ ပါတီကြီး ၂ ခုက ဦးဆောင်နေပါတယ်။

ဝန်ကြီးချုပ် Arseny Yatsenyuk ရဲ့ Popular Front Party က ရေတွက်ပြီးမဲအားလုံးရဲ့ ၂၂% နီးပါးနဲ့ ပထမနေရာကဦးဆောင်နေပြီး သမ္မတ Petro Poroshenko ရဲ့ အုပ်စုက ၂၁ % ရရှိနေတယ်လို့ ယူကရိန်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

ယူကရိန်းနိုင်ငံအနောက်ပိုင်းက Self Help Party က တတိယနေရာလိုက်နေပြီး ဆန္ဒမဲတွေရဲ့ ၁၁% အနိုင်ရထား ပါတယ်။ အတိုက်အခံအုပ်စုဖြစ်တဲ့ ပြုတ်ကျသွားတဲ့ သမ္မတ Viktor Yanukovych ရဲ့ ပါတီကတော့ ၁၀% နီးပါးနဲ့ စတုတ္ထနေရာက လိုက်နေတယ်လို့ ဆိုပါတယ်။

Arseny Yatsenyuk ကော Petro Poroshenko တို့ နှစ်ဦးစလုံးဟာ EU ဥရောပသမဂ္ဂနဲ့ နီးစပ်သူတွေဖြစ်ကြပြီး တိုင်းပြည်ကို ငွေကြေးခဝါချရတဲ့ အဖြစ်မျိုးနဲ့ မကြုံရအောင် ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲမှုတွေလုပ်မယ်လို့ မဲဆွယ်စဉ်က ပြောဆိုခဲ့ကြသူတွေဖြစ်ပါတယ်။ တနင်္လာနေ့မှာ ညွန့်ပေါင်း ဆွေးနွေးပွဲစတင်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန်သမ္မတ ဘရက် အိုဘားမားကလည်း တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ပါလီမန်ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် အေးအေးချမ်းချမ်းကျင်းပခဲ့ပြီး တက်တက်ကြွကြွ မဲပေးခဲ့ကြတဲ့ ယူကရိန်းပြည်သူတွေကို ချီးကျူးသွားပါတယ်။

XS
SM
MD
LG