သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေး ယူကရိန်း သမ္မတ အဆိုပြု


ယူကရိန်း သမ္မတ Petro Poroshenko
ယူကရိန်း သမ္မတ Petro Poroshenko

ယူကရိန်းနိုင်ငံမှာ ရုရှားလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ရုရှားနယ်စပ်မှာ လအတော်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး ဆောင်ရွက်ချက် အနေနဲ့ ရှေ့သီတင်းပတ်အတွင်း အပစ်အခတ် ရပ်စဲဖို့ ယူကရိန်းသမ္မတ Petro Poroshenko က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အပစ်အခတ် ရပ်စဲရေးရရှိရေးကို ဦးတည် လုပ်ဆောင်တဲ့အနေနဲ့ ယူကရိန်း တပ်ဖွဲ့တွေအနေနဲ့ အင်္ဂါနေ့မှာ သေနတ်သံတွေကို တိတ်ထားမယ်လို့ ကြာသပတေးနေ့ မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလို ဆောင်ရွက်မှုအပေါ် ခွဲထွက်ရေး သူပုန်ခေါင်းဆောင်တွေက လည်း ထောက်ခံကြောင်းပြောတယ်လို့ ရုရှားနဲ့ အနောက်တိုင်းအခြေစိုက် သတင်း မီဒီယာတွေမှာ ကိုးကား ဖော်ပြကြပါတယ်။

ကြာသပတေးနေ့က ရုတ်တရက် ထုတ်ပြန်လိုက်တဲ့ အဲဒီကြေညာချက်ဟာ ဧပြီလ ကစပြီး ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ တဖြည်းဖြည်း အရှိန်မြင့် ဖြစ်ပေါ် လာနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် တတိယ အကြိမ်မြောက် ကြိုးပမ်းဆောင်ရွက်ခြင်း လည်း ဖြစ်ပါတယ်။

ကမ္ဘာသိကြေညာချက်တွေ ထုတ်ပြန်ပြီး ရယူခဲ့တဲ့ ပထမအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ စက်တင်ဘာလ ၅ ရက်နေ့မှာ ပျက်သွားခဲ့ပြီး အခုသီတင်းပတ်အတွင်း ရရှိခဲ့တဲ့ ဒုတိယ အကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာလည်း တိုင်းပြည် အရှေ့ပိုင်းမှာ လက်နက်ကြီးတွေ ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် ပျက်သွားခဲ့ရပြန်တာ ဖြစ်ပါတယ်။

ခွဲထွက်ရေးသူပုန်အဖွဲ့တွေဘက်ကလည်း သူတို့နည်းတူ ဆောင်ရွက်မယ် ဆိုရင် ရှေ့တန်းမှာရှိနေတဲ့ လက်နက်ကြီးတွေ ပြန်လည် ရုပ်သိမ်းပြီး အပစ်အခတ် ရပ်စဲရေးကို ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင်မယ်လို့ သမ္မတ ပိုရိုရှန်းကိုးနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းကို ကိုးကားပြီး ပြင်သစ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG