သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း သမ္မတ ရွေးကောက်ပွဲ မဲပေးမှု စတင်


ယူကရိန်းဝန်ကြီးချုပ် Arseniy Yatsenyuk နဲ့ ဇနီး Tereza တို့ သမ္မတရွေးကောက်ပွဲ မဲထည့်စဉ်။ (မေ ၂၅၊ ၂၀၁၄)
ယူကရိန်းဝန်ကြီးချုပ် Arseniy Yatsenyuk နဲ့ ဇနီး Tereza တို့ သမ္မတရွေးကောက်ပွဲ မဲထည့်စဉ်။ (မေ ၂၅၊ ၂၀၁၄)
ရုရှား ဘာသာစကားပြောတဲ့ ယူကရိန်း နိုင်ငံအရှေ့ခြမ်းက တိုက်ခိုက်မှုတွေ၊ Crimea ကျွန်းဆွယ်ဒေသက ယူကရိန်းဆီက ခွဲထွက်ပြီး ရုရှား နိုင်ငံထဲဝင်သွားတာတွေက အရိပ်မိုးထားပေမယ့် ယူကရိန်းနိုင်ငံမှာ ဒီကနေ့တော့ သမ္မတ ရွေးကောက်ပွဲအတွက် စတင်မဲပေးနေကြပါပြီ။

လူများများလာပြီး မဲထည့်ကြဖို့ ယူကရိန်းအစိုးရက တိုက်တွန်းထားပေမယ့် ရုရှားလိုလားတဲ့ လက်နက်ကိုင် ခွဲထွက်ရေးသမားတွေကတော့ နိုင်ငံအရှေ့ခြမ်းဒေသတွေမှာ မဲဆန္ဒရှင် ၃ ပုံ ၂ ပုံလောက်ထိကို တားဆီးဖို့ လုပ်ဆောင်နိုင်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြောပါတယ်။ အခုထိတော့ ဘာထိခိုက်မှု သတင်းမှ မရှိသေးဘဲ နိုင်ငံအရှေ့ခြမ်းမှာ သိပ်ပြီးလည်း မဲလာမထည့်ကြပါဘူး။

ရုရှားလိုလားတဲ့ လက်နက်ကိုင်သူပုန်တွေက ယူကရိန်းနိုင်ငံအရှေ့ခြမ်းက မြို့ ၁၀ မြို့ကျော်ကို ထိန်းချုပ်ထားပြီး Donetsk နဲ့ Luhansk ခရိုင်တွေမှာ မဲလာထည့်သူ ၃ ပုံ ၁ ပုံတောင် ရှိမယ်မထင်ကြောင်း မဲဆန္ဒရှင်အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်က ဆိုပါတယ်။

အဲဒီနယ်စပ်ဒေသက ၃၄ ခရိုင်မှာ ခရိုင် ၂၀ လောက်ထိ မဲပေးမှာ မဟုတ်ဘူးလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးက စနေနေ့က ပြောပါတယ်။ လူဦးရေ ၄၅ သန်းရှိတဲ့ ယူကရိန်းနိုင်ငံရဲ့ တခြားဒေသတွေက မဲထည့်ဝင်မှု အခြေအနေအရဆိုရင်တော့ မဲလာပေးသူများပြီး အနောက်နိုင်ငံတွေကို လိုလားတဲ့ သမ္မတလောင်း အနိုင်ရမယ့် အနေအထားရှိပါတယ်ရှင်။
XS
SM
MD
LG