သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဝေဟင် ပိုင်နက်ကျူးကျော်မှု ယူကရိန်းဝန်ကြီးချုပ်ပြောကြား


ယူကရိန်းဝန်ကြီးချုပ် Arseny Yatseniuk
ယူကရိန်းဝန်ကြီးချုပ် Arseny Yatseniuk
ယူကရိန်းဝန်ကြီးချုပ်က သူ့အဆိုအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေဖို့ ပုံစံချထားတဲ့ ရုရှားရဲ့ ကျူးကျော်မှုမှာ ရုရှား စစ်ဘက် လေယာဉ်တွေဟာ ယူကရိန်းပိုင်နက်လေကြောင်းထဲကို ထပ်ခါတလဲလဲ ကျူးကျော်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း လေကြောင်းပိုင်နက်ထဲကို ညဘက်မှာတင် ခုနစ်ကြိမ် ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ် အာဆင်ညီ ယက်ဆင်ညုက စနေနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ရုရှားစစ်ဘက်လုပ်တဲ့ အကြောင်းပြချက်ကို ကျနော်တို့ အသေအချာ နားလည်ပါတယ်။ တခုတည်းသော အကြောင်းကတော့ ဒုံးကျည်နဲ့ပစ်အောင် ယူကရိန်းကိုဆွပေးပြီး ယူကရိန်းဟာ ရုရှားကို စစ်ဆင်နေတယ်လို့ စွပ်စွဲဖို့ပဲဖြစ်ပါတယ်။” လို့ ယူကရိန်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားလေယာဉ်တွေဟာ ယူကရိန်း လေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခဲ့တယ်ဆိုတာ အမေရိကန် စစ်ဘက် တာဝန်ရှိသူတွေကလည်း သောကြာနေ့မှာ ပြောခဲ့ပြီး ရုရှားကတော့ ငြင်းထားပါတယ်။
XS
SM
MD
LG