သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အရှေ့ပိုင်းကို ကိုယ်ပိုင် အုပ်ချူပ်ခွင့် ပိုပေးဖို့ ဝန်ကြီးချုပ် ကမ်းလှမ်း


ယူကရိန်း ယာယီဝန်ကြီးချုပ် Arseny Yatseniuk (ဧပြီ ၁၁၊ ၂၀၁၄)။
ယူကရိန်း ယာယီဝန်ကြီးချုပ် Arseny Yatseniuk (ဧပြီ ၁၁၊ ၂၀၁၄)။
ယူကရိန်းနိုင်ငံမှာ ခွဲထွက်ရေး ဝါဒီတွေ သိမ်းယူထားတဲ့ အစိုးရ အဆောက်အဦးတွေ ကနေ ဖယ်ရှားပေးရေး အစိုးရရဲ့ နောက်ဆုံး သတ်မှတ် ရက် ကျော်လွန်သွားပြီးတဲ့နောက် ဒေသတွင်းခေါင်းဆောင်တွေနဲ့ ရုရှား လိုလားတဲ့ ဆန္ဒပြသူတွေကို ယူကရိန်း ယာယီ ဝန်ကြီးချုပ်က လိုက်လျော အလျှော့ပေးချက်တွေ ကမ်းလှမ်းထားပါတယ်။

“ဗဟိုအစိုးရဟာ ဒေသတွေနဲ့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်ရုံ သာမက နိုင်ငံသား အားလုံးရဲ့ ဥပဒေနဲ့အညီ လိုလားချက်တွေနဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်ဆိုတာ ကျနော် ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်၊ ပြောင်းလဲ ထားတဲ့ အခြေခံဥပဒေ မူဘောင်အောက်မှာ ဒေသတခုချင်းစီရဲ့ သီးခြားပန်ကြားချက်တွေကို မိမိတို့ ဖြည့်စွမ်းပေးနိုင်မှာပါ။” လို့ ယာယီ ဝန်ကြီးချုပ် Arseniy Yatsenyuk က ပြောပါတယ်။

ဝန်ကြီးချုပ် ယက်ဆင်နျူက်နဲ့ အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ ယူကရိန်းအရှေ့ပိုင်းက အုပ်ချုပ်ရေးမှူးတွေ၊ မြို့တော်ဝန် တွေနဲ့သာမက ယူကရိန်းနိုင်ငံရဲ့ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး Rinat Akhmetov အပါအဝင် အရှေ့ပိုင်းက သြဇာကြီးမားသူ တွေနဲ့ Donetsk မြို့မှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ အစိုးရအဖွဲ့တွေကို ဗဟိုအစိုးရက ခန့်ထားတာမျိုး ဆက်မလုပ်တော့ဘဲ ဒေသဆိုင်ရာ လူထု ဆန္ဒခံယူပွဲတွေကို ခွင့်ပြုမယ့် အခြေခံဥပဒေနဲ့ တခြားဥပဒေတွေ ပြင်ဆင်ရေးကို သူထောက်ခံတယ်လို့ ယာယီဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
XS
SM
MD
LG