သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဆန္ဒပြသူများ လီနင်ရုပ်ထု ဖြိုချ


ယူကရိန်းအစိုးရဆန့်ကျင်ဆန္ဒပြသူများ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ Vladimir Lenin ရဲ့ရုပ်တုကို ဖြိုချခဲ့ကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃)
ယူကရိန်းအစိုးရဆန့်ကျင်ဆန္ဒပြသူများ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ Vladimir Lenin ရဲ့ရုပ်တုကို ဖြိုချခဲ့ကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃)
ယူကရိန်းသမ္မတ Viktor Yanukovych အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ လူအုပ်ကြီးက Kyiv မြို့လယ်ရှိ ဆိုဗီယက်ပြည်ထောင်စု ထူထောင်သူ Vladimir Lenin ရဲ့ ရုပ်ထုကို ဖျက်ဆီးလိုက်ပါတယ်။

ယူကရိန်းအစိုးရက EU ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပစ်ပယ်ပြီး ရုရှားနိုင်ငံနဲ့ ကုန်သွယ်ရေးအတွက် ဆုံးဖြတ်လိုက်တဲ့ အတွက် ထောင်နဲ့ချီတဲ့လူထုက ကန့်ကွက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ Kyiv မြို့လယ် လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေစုဝေးပြီး EU နဲ့ ယူကရိန်းအလံတွေ ဝှေ့ယမ်းနေကြပါတယ်။

Mr. Yanukovych ဟာ သမ္မတတာဝန်ယူဖို့ တရားဝင်မဝင်တော့တဲ့အတွက် ရာထူးက နုတ်ထွက်ပေးပါရန် အကျဉ်းကျနေတဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko က စာရေးသားလိုက်ပါတယ်။ အဲဒီစာကို သမီးဖြစ်သူက ဆန္ဒပြသူလူအုပ်ကြီးကို ဖတ်ပြခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင် Arsenity Yatsenyuk ကလည်း ဥရောပနိုင်ငံတွေနဲ့ ထဲထဲဝင်ဝင် ဆက်ဆံမယ် အစိုးရသစ်တရပ် ဖွဲ့စည်းဖို့ သဘောတူမယ်ဆိုရင် သမ္မတ Yanukovych နဲ့ စေ့စပ် ဆွေးနွေးမယ်လို့ ပြောပါတယ်။

ယူကရိန်းထောက်လှမ်းရေးဌာနကတော့ အတိုက်အခံခေါင်းဆောင်တွေဟာ အာဏာသိမ်းဖို့ ကြံစည်နေကြတယ်လို့ သံသယရှိတာကြောင့် စုံစမ်း စစ်ဆေးနေပြီလို့ တနင်္ဂနွေနေ့က ကြေညာပါတယ်။

တချိန်တည်းမှာပဲ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso က Mr. Yanukovych အနေနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့နဲ့ အများပြည်သူရဲ့ လွတ်လပ်ခွင့်ကို လေးစားပါရန် တနင်္ဂနွေနေ့က တယ်လီဖုန်းဆက် ပြောဆိုလိုက်တယ်လို့ ဥရောပကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton ဟာလည်း ယူကရိန်း အကြပ်အတည်းက လွတ်မြောက်ရေး နည်းလမ်းတွေဆွေးနွေးဖို့ Kyiv မြို့ကို ဒီသီတင်းပတ်ထဲ သွားရောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG