သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဆန္ဒပြမှု ရဲလုံခြုံရေးတပ်တွေ ရုပ်သိမ်း


ယူကရိန်းနိုင်ငံမှာ ဥရောပသမဂ္ဂကို လိုလားတဲ့ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းထိန်းရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီးနောက် Kyiv မြို့လယ် ရင်ပြင်ရှိ ဆန္ဒပြစခန်းတခုကို ဝိုင်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုပ်သိမ်းပေးလိုက်ပါတယ်။

Kyiv မြို့ လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေရဲ့ ယာယီတဲတန်းကို လုံခြုံရေးတွေက ဝင်စီးပြီး ဖြိုချခဲ့ပြီး နာရီအတန်ကြာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မြို့တော်ခန်းမထဲမှာ နှစ်ဘက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။

ယူကရိန်းသမ္မတ Viktor Yanukovych က ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတာတွေ မလုပ်တော့ပါဘူးလို့ ကတိပေးလိုက်ပြီး အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။

အတိုက်အခံဘက်ကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်ခဲ့တဲ့ လုံခြုံရေးရဲတွေကို အပြစ်ပေးပြီး၊ ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေကို လွှတ်ပေးရမယ်၊ သမ္မတအနေနဲ့ သူ့အစိုးရကို ဖျက်သိမ်းပေးရမယ်၊ ဒါတွေကို လက်တွေ့ အကောင်အထည် မဖော်မချင်း ဘယ်လို စေ့စပ်ဆွေးနွေးမှုမျိုးကိုမဆို မစဉ်းစားဘူးလို့ ထပ်ခါတလဲလဲ ပြောထားပြီးဖြစ်ပါတယ်။

မစ္စတာ Yanukovych ဟာ ယူကရိန်း အကြပ်အတည်း အဖြေရှာဖို့ Kyiv မြို့ကို ရောက်ရှိခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland နဲ့ရော EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ Catherine Ashton နဲ့ပါ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း အတိုက်အခံနဲ့ ဆွေးနွေးမယ်လို့ ကမ်းလှမ်းလိုက်တာပါ။

လက်ထောက်ဝန်ကြီး Victoria Nuland ဟာ Kyiv မြို့ လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ရဲတွေက အင်အားသုံးနှိမ်နင်းတာနဲ့ ပတ်သက်လို့ သမ္မတ Yanukovych ကို တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။
XS
SM
MD
LG