သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေ ကန့်သတ်မှုဥပဒေ ယူကရိန်းဖျက်သိမ်းမည်


ယူကရိန်းနိုင်ငံ၊ မြို့တော် Kiev မြင်ကွင်း။(ဇန်နဝါရီ ၂၇၊ ၂၀၁၄)
ယူကရိန်းနိုင်ငံ၊ မြို့တော် Kiev မြင်ကွင်း။(ဇန်နဝါရီ ၂၇၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ သွေးထွက်သံယိုအကြမ်းဖက်မှုတွေ ကြီးထွားလာတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန္ဒပြသူတွေအပေါ် တားမြစ်ကန့်သတ်တဲ့ဥပဒေကို ပယ်ဖျက်ဖို့ သမ္မတ Viktor Yanukovych က သဘောတူလိုက်ပါတယ်။

ဥပဒေကိုရုပ်သိမ်းပေးတဲ့ကြေညာချက်ဟာ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အခုလို ဥပဒေကိုပြင်ဆင်လိုက်တာဟာ ဥရောပနိုင်ငံတွေရဲ့စံချိန်စံနှုန်းနဲ့ အညီ လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။ ဆန္ဒပြသူတွေက သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်အဦးတွေက ထွက်ခွာမပေးသေးသရွေ့ သမ္မတအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ မဟုတ်သလို ဖမ်းဆီးထားတဲ့အတိုက်အခံလှုပ်ရှားသူတွေကိုလည်း ပြန်လွှတ်ပေးမှာ မဟုတ်ဘူးလို့ သမ္မတ ယန်နူကိုဗစ်ချ်က ပြောပါတယ်။

အတိုက်အခံထောက်ခံသူတွေဟာ ယူကရိန်းနိုင်ငံမှာရှိတဲ့ ၂၅ ပြည်နယ်ထဲက ၁၀ ပြည်နယ်ရဲ့ အစိုးရရုံးတွေကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ အာဆီညီ ယက်ဆန်ယွတ်က သူ့ကိုဝန်ကြီးချုပ်ရာထူးပေးမယ်ဆိုပြီးတော့ သမ္မတ ယန်နူကိုဗစ်ချ်က ကမ်းလှမ်းထားတာကို ငြင်းပယ်လိုက်ပြီးတဲ့နောက်မှာ ဆန္ဒပြပွဲတွေ ဆက်ပြီးတော့ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG