သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအကြမ်းဖက်မှု သမ္မတ Yanukovych အပြစ်တင်


EU နဲ့ ယူကရိန်းတို့ကြား လွတ်လပ်စွာ ကုန်သွယ်ခွင့်စာချုပ်ကို လက်မှတ်မထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတကို ဆန့်ကျင်ကန့်ကွက်နေသူများ။ (နိုဝင်ဘာ ၃၀၊ ၂၀၁၃)
EU နဲ့ ယူကရိန်းတို့ကြား လွတ်လပ်စွာ ကုန်သွယ်ခွင့်စာချုပ်ကို လက်မှတ်မထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတကို ဆန့်ကျင်ကန့်ကွက်နေသူများ။ (နိုဝင်ဘာ ၃၀၊ ၂၀၁၃)
ယူကရိန်းနိုင်ငံ Kyiv မြို့တော်က အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေဖြစ်ခဲ့တာကို သမ္မတ Viktor Yanukovych က အပြစ်တင်လိုက်ပါတယ်။ မြို့တော်ထဲက လွတ်လပ်ရေးရင်ပြင်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် အင်မတန် ဒေါသထွက်ရတယ်လို့ ယူကရိန်းသမ္မတက စနေနေ့က ပြောကြားခဲ့ပါတယ်။

EU ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်ကို သမ္မတ Yanukovych ကလက်မှတ် မထိုးတဲ့အပေါ် မကျေနပ်လို့ စနေနေ့ အစောပိုင်းက
ဆန္ဒပြကြသူတွေကို အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက လက်ကိုင်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။ တော်တော်များများ ထိခိုက်ဒဏ်ရာ ရသွားကြတယ်လို့ သတင်းတွေက ပြောပါတယ်။

သမ္မတ Yanukovych ကတော့ ဒီကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ ပြောကြားခဲ့ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာကို ရဲတွေက တိုက်ခိုက်တာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ဆန္ဒပြသူတွေအပေါ် တိုက်ခိုက်တာကို အပြစ်တင်ခဲ့ပြီး ဒီကနေ့ခေတ်ယူကရိန်းနိုင်ငံမှာ အကြမ်းဖက်တာတွေ၊ အနှောင့်အယှက်ပေးတာတွေ မရှိသင့်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

သောကြာနေ့က ပြီးဆုံးသွားတဲ့ EU ထိပ်သီးစည်းဝေးပွဲမှာ EU နဲ့ ယူကရိန်း နိုင်ငံကြား လွတ်လပ်စွာကုန်သွယ်ရေးဆိုင်ရာ သဘောတူ စာချုပ်ဖို့ စီစဉ်ထားပေမဲ့ စာချုပ် မချုပ်တော့ဘူးလို့ သမ္မတ Yanukovych ကနောက်ဆုံးအချိန်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ခုလို ယူကရိန်းကဆုံးဖြတ်အောင် ရုရှားနိုင်ငံက ဖိအားပေးတဲ့အပေါ် ရုရှားကို EU က အပြစ်တင်ခဲ့ပါတယ်။
XS
SM
MD
LG