ယူကရိန္း ၿမိဳ႕ေတာ္ Kyiv ကို ႐ုရွားက ပိုၿပီး ျပင္းျပင္းထန္ထန္ ဗံုးႀကဲတိုက္ခိုက္ေနခ်ိန္မွာပဲ ႐ုရွားတပ္ေတြဝိုင္းထားတဲ့ ေတာင္ပိုင္းက ဆိပ္ကမ္းၿမိဳ႕ Mariupol ကို လက္နက္ခ်ဖို႔ ႐ုရွားရဲ႕ရာဇသံေပးမႈကို ယူကရိန္းက လက္မခံ ျငင္းပယ္လိုက္ပါတယ္။
လက္နက္ခ်အညံ့ခံဖို႔ ႐ုရွားရဲ႕ ေတာင္းဆိုမႈကို ယူကရိန္း ဒုတိယဝန္ႀကီးခ်ဳပ္ Irina Vereshchuk က ျငင္းပယ္လိုက္ၿပီး ႐ုရွားအေနနဲ႔ Mariupol ေဒသခံေတြ ထြက္ခြါႏိုင္ေအာင္ လူသားစာနာမႈ လမ္းေၾကာင္း ဖြင့္ေပးသင့္တယ္လို႔ ႐ုရွားဘက္ကို အေၾကာင္းၾကားထားၿပီး ျဖစ္ေၾကာင္း Ukrainian Pravda သတင္းဌာနကုိေျပာၾကားခဲ့တာပါ။ ႐ုရွားအစိုးရသတင္းဌာန RIA မွာေတာ့ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ယူကရိန္းစစ္တပ္ကို လက္နက္ခ်အည့ံခံဖို႔ တနလၤာေန႔ အာရံုမတက္ခင္အထိ အခ်ိန္ေပးထားေၾကာင္း ေဖၚျပပါတယ္။
Mariupol ၿမိဳ႕မွာ ႐ုရွားရဲ႕ လုုပ္ေဆာင္မႈေတြဟာ အလြန္ဆိုးဝါးေၾကာင္း အီးယူ ဥေရာပသမဂၢ ႏိုင္ငံျခားမူဝါဒေရးရာ အႀကီးအကဲ Josep Borrell က ေျပာပါတယ္။ အဲဒီမွာ ဘာမွ ခြဲျခားမႈမရွိပဲ ေတြ႕ရာကို ဖ်က္ဆီး၊ ဗံုးႀကဲ၊ ေတြ႕ရာလူကို သတ္ျဖတ္ၿပီး ႀကီးမားတဲ့စစ္ရာဇဝတ္မႈ က်ဴးလြန္ေနတာျဖစ္ေၾကာင္း ဘရပ္ဆဲလ္က အီးယူႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းေဝးမွာ မစၥတာ Borrell က ေျပာခဲ့တာျဖစ္ပါတယ္။
Kyiv ၿမိဳ႕မွာ ဗုဒၶဟူးေန႔မနက္အထိ သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရ ကာဖ်ဴးမိန္႔ အသစ္ကို ၿမိဳ႕ေတာ္ဝန္ Vitali Klitschko က ထုတ္ျပန္လိုက္ခ်ိန္မွာပဲ ၿမိဳ႕ေတာ္က ေစ်းစင္တာတခု ဗံုးႀကဲအတိုက္ခိုက္ခံရၿပီး လူ၈ ဦးထက္မနည္း ေသဆံုးခဲ့ရပါတယ္။ အခုဆို ႐ုရွားရဲ႕ တိုက္ခိုက္မႈေၾကာင့္ လူေနတိုက္ခန္းအေဆာက္အဦးေတြ၊ ေက်ာင္းေတြ စုစုေပါင္း ၇၂ - ခုပ်က္စီးခဲ့ရသလို လူေပါင္း ၃၀၀ ေလာက္ ဒဏ္ရာရခဲ့တယ္လို႔လည္း ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။
အခုအခ်ိန္မွာ ႐ုရွားတပ္ေတြဟာ ၿမိဳ႕ေတာ္ Kyiv အေနာက္ေျမာက္ဘက္ ၁၀ မိုင္ေလာက္ အကြာကို ေရာက္ေနၿပီလို႔ အေမရိကန္ကာကြယ္ေရး ဝန္ႀကီးဌာန အႀကီးတန္းအရာရွိတဦးက ေျပာပါတယ္။ ႐ုရွားရဲ႕ ယူကရိန္းအေပၚ အဓိပၸါယ္မဲ့ မတရားတိုက္ခိုက္မႈကို ပူးေပါင္းတုန္႔ျပန္ဖို႔ ၫွိႏိႈင္းမယ္လို႔ အေမရိကန္သမၼတ အိမ္ျဖဴကေျပာဆိုထားတဲ့ ယူကရိန္းအေရးေဆြးေႏြးပြဲကို တနလၤာေန႔မွာ အေမရိကန္၊ ျပင္သစ္၊ ဂ်ာမဏီ၊ အီတလီနဲ႔ ၿဗိတိန္ေခါင္းေဆာင္ေတြ က်င္းပခဲ့ၾကပါတယ္။
------------------
Mariupol မြို့ လက်နက်ချဖို့ ရုရှားရာဇသံ ယူကရိန်းငြင်းဆန်
ယူကရိန်း မြို့တော် Kyiv ကို ရုရှားက ပိုပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေချိန်မှာပဲ ရုရှားတပ်တွေဝိုင်းထားတဲ့ တောင်ပိုင်းက ဆိပ်ကမ်းမြို့ Mariupol ကို လက်နက်ချဖို့ ရုရှားရဲ့ရာဇသံပေးမှုကို ယူကရိန်းက လက်မခံ ငြင်းပယ်လိုက်ပါတယ်။
လက်နက်ချအညံ့ခံဖို့ ရုရှားရဲ့ တောင်းဆိုမှုကို ယူကရိန်း ဒုတိယဝန်ကြီးချုပ် Irina Vereshchuk က ငြင်းပယ်လိုက်ပြီး ရုရှားအနေနဲ့ Mariupol ဒေသခံတွေ ထွက်ခွါနိုင်အောင် လူသားစာနာမှု လမ်းကြောင်း ဖွင့်ပေးသင့်တယ်လို့ ရုရှားဘက်ကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း Ukrainian Pravda သတင်းဌာနကိုပြောကြားခဲ့တာပါ။ ရုရှားအစိုးရသတင်းဌာန RIA မှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းစစ်တပ်ကို လက်နက်ချအညံ့ခံဖို့ တနင်္လာနေ့ အာရုံမတက်ခင်အထိ အချိန်ပေးထားကြောင်း ဖေါ်ပြပါတယ်။
Mariupol မြို့မှာ ရုရှားရဲ့ လုပ်ဆောင်မှုတွေဟာ အလွန်ဆိုးဝါးကြောင်း အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ပြောပါတယ်။ အဲဒီမှာ ဘာမှ ခွဲခြားမှုမရှိပဲ တွေ့ရာကို ဖျက်ဆီး၊ ဗုံးကြဲ၊ တွေ့ရာလူကို သတ်ဖြတ်ပြီး ကြီးမားတဲ့စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ကြောင်း ဘရပ်ဆဲလ်က အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေးမှာ မစ္စတာ Borrell က ပြောခဲ့တာဖြစ်ပါတယ်။
Kyiv မြို့မှာ ဗုဒ္ဓဟူးနေ့မနက်အထိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ ကာဖျူးမိန့် အသစ်ကို မြို့တော်ဝန် Vitali Klitschko က ထုတ်ပြန်လိုက်ချိန်မှာပဲ မြို့တော်က ဈေးစင်တာတခု ဗုံးကြဲအတိုက်ခိုက်ခံရပြီး လူ၈ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အခုဆို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူနေတိုက်ခန်းအဆောက်အဦးတွေ၊ ကျောင်းတွေ စုစုပေါင်း ၇၂ - ခုပျက်စီးခဲ့ရသလို လူပေါင်း ၃၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။
အခုအချိန်မှာ ရုရှားတပ်တွေဟာ မြို့တော် Kyiv အနောက်မြောက်ဘက် ၁၀ မိုင်လောက် အကွာကို ရောက်နေပြီလို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ ရုရှားရဲ့ ယူကရိန်းအပေါ် အဓိပ္ပါယ်မဲ့ မတရားတိုက်ခိုက်မှုကို ပူးပေါင်းတုန့်ပြန်ဖို့ ညှိနှိုင်းမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူကပြောဆိုထားတဲ့ ယူကရိန်းအရေးဆွေးနွေးပွဲကို တနင်္လာနေ့မှာ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနဲ့ ဗြိတိန်ခေါင်းဆောင်တွေ ကျင်းပခဲ့ကြပါတယ်။