ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ရင်ဆိုင်ဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို ယူကရိန်းအစိုးရက ပြန်လည် ကြေညာလိုက်ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားဘာသာ စကားပြောသူတွေ နေထိုင်တဲ့ မြို့ကြီး တဒါဇင်လောက်မှာ အကြမ်းဖက်သူ ရုရှားလိုလားသူတွေက အဆောက်အဦးတွေကို သိမ်းပိုက်နေကြတာဖြစ်ပါတယ်။
ရုရှားနယ်နိမိတ်နားက ပြဿနာဖြစ်နေတဲ့ ဒေသတွေမှာ ချထားတဲ့ ယူကရိန်း စစ်တပ်တွေကို ပြန်ရုတ်သိမ်းပေးဖို့ ရုရှားသမ္မတ Vladimir Putin တောင်းဆို အပြီး နာရီအတော်အကြာမှာပဲ ကြာသပတေးနေ့က ယူကရိန်း ယာယီသမ္မတ အိုလက်စန်ဒါ တာချီနော့ဗ် (Oleksandr Turchynov) က အခုလို စစ်မှုမထမ်းမနေရ ကြေညာချက်ကို လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။
မစ္စတာ ပူတင်က ဝါရှင်တန်ဒီစီမှာ အမေရိကန်သမ္မတ Barack Obama နဲ့ သောကြာနေ့ တွေ့ဆုံမယ့် ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ တယ်လီဖုံးနဲ့ ဆက်သွယ်ပြီး ပြောကြားစဉ်မှာ အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းက ဒေသ အားလုံးနဲ့ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်တဲ့ တနိုင်ငံလုံးဆိုင်ရာ ကျယ်ပြန့်တဲ့ ဆွေးနွေး ပွဲ ကျင်းပဖို့ လိုအပ်ကြောင်းလည်း မစ္စတာပူတင်က ဖိအားပေးပြောဆိုခဲ့တယ်လို့ ရုရှား Interfax သတင်းဌာနကရေးပါတယ်။
အရှေ့ပိုင်း ဒေသ ၂ခုက ရုရှားလိုလားသူတွေရဲ့ ခွဲထွက်ရေးလုပ်ဆောင်ချက်တွေ တနေ့တခြားတိုးလာနေတာမို့ ယူကရိန်းအစိုးရအနေနဲ့ အားကိုးရာမဲ့ ဖြစ်နေပြီလို့ နိုင်ငံခေါင်းဆောင်တွေ ပြောကြားအပြီး နောက်တနေ့မှာပဲ အခုလို အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အရွယ်ကြား လူငယ်တွေကို ပစ်မှတ်ထား တဲ့ ဒီစစ်မှုမထမ်းမနေရ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။