သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသို့ စစ်တပ်စေလွှတ်မှု ရုရှား နိုင်ငံခြားရေးဝန်ကြီး ကာကွယ်ပြော


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကုလလူ့အခွင့်အရေးကောင်စီမှာ စကားပြောစဉ်။ (မတ်လ ၃၊ ၂၀၁၄)
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကုလလူ့အခွင့်အရေးကောင်စီမှာ စကားပြောစဉ်။ (မတ်လ ၃၊ ၂၀၁၄)
ယူကရိန်း နိုင်ငံရဲ့ Crimea ကျွန်းဆွယ်ဒေသမှာ ရုရှား တပ်တွေ ဝင်ရောက်နေရာယူမှုကို ရုရှား နိုင်ငံခြားရေးဝန်ကြီးက ကာကွယ် ပြောဆိုသွားပါတယ်။

ဒေသတွင်းတင်းမာမှုတွေ တိုးမြင့်မလာအောင် ကာကွယ်ဖို့မျှော်လင့်ထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki-Moon နဲ့ ဂျနီဗာမြို့မှာ မတွေ့ဆုံခင်မှာပဲ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အခုလို ပြောသွားတာပါ။ Crimea ဒေသမှာ နိုင်ငံရေးအခြေအနေတွေ ပုံမှန်ပြန်မရောက်မချင်း အဲဒီမှာ ရုရှား တပ်တွေ ရှိနေဖို့က လိုအပ်ပါတယ်လို့ Mr. Lavrov က တနင်္လာနေ့က ပြောပါတယ်။

ရုရှားတပ်တွေက ရုရှားနိုင်ငံသားတွေကို အကာအကွယ်ပေးတာပဲ ဖြစ်တယ်လို့ ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ ဆွေးနွေးပွဲမှာ Mr. Lavrov က ပြောကြားသွားပါတယ်။

ယူကရိန်း အစိုးရကတော့ ရုရှားဟာ စစ်ရေးအရကျူးကျော်နေတယ်လို့စွပ်စွဲလိုက်ပြီး Crimea ဒေသတခွင်ရှိ စစ်အခြေစိုက်စခန်းတွေကို ဝိုင်းထားတဲ့ တပ်တွေနဲ့ လမ်းပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ ရုရှားအစိုးရကိုတိုက်တွန်းလိုက်ပါတယ်။ ရုရှား မီဒီယာတွေမှာတော့ ရုရှား တိုက်ဂျက်လေယာဉ်တွေဟာ တနင်္ဂနွေညပိုင်းကနေ တနင်္လာနေ့အထိ ပင်လယ်နက်ရဲ့ ယူကရိန်းလေပြင်ပိုင်နက်မှာ ပျံသန်းခဲ့ကြတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
XS
SM
MD
LG