သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိ္န္း မီဒီယာသမား ႐ုရွားတပ္ဖဲြ႕ သတ္ျဖတ္ (RSF)


Maks Levin

ယူကရိန္း ဓာတ္ပုံဆရာလည္းျဖစ္ မွတ္တမ္းကားထုတ္လုပ္သူလည္းျဖစ္တဲ့ Maks Levin နဲ႔ သူ႔ကိုလုံၿခဳံေရးယူေပးတဲ့တပ္သားတေယာက္ကို ရုရွားတပ္ဖြဲ႔က သတ္ျဖတ္ခဲ့တယ္လို႔ နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႔ RSF ကေျပာပါတယ္။ ယူကရိန္းၿမိဳ ႔ေတာ္ Kyiv အနီးမွာ ေပ်ာက္သြားတဲ့ အေ၀းထိန္းဒရုန္းကင္မရာကို လိုက္ရွာခဲ့တဲ့အခ်ိန္ မတ္လအတြင္း အသတ္ခံလိုက္ရတာျဖစ္တယ္လို႔ ဒီျဖစ္ရပ္ကို စုံစမ္းခဲ့တဲ့ ျပင္သစ္အေျခစိုက္ RSF အဖြဲ႔ရဲ ႔အစီရင္ခံစာမွာ ေဖာ္ျပလိုက္တာပါ။ ေမ ၂၄ ကေန ဂၽြန္၃ ရက္ေန႔ထိစုံစမ္းမႈအတြင္း FSF ကရရွိခဲ့တဲ့ သတင္းအခ်က္အလက္ေတြနဲ႔ သက္ေသအေထာက္အထားေတြအရ Levin နဲ႔ Oleksiy Chernyshov တို္႔ကို ရုရွားတပ္ေတြက Moshchun ရြာအနီးမွာ မတ္္လ ၁၃ ရက္ေန႔က သတ္ျဖတ္ခဲ့တာ ျဖစ္တယ္လို႔အစီရင္ခံစာမွာေျပာထားပါတယ္။


သူတို႔ႏွစ္ဦးကို စစ္ေဆးေမးျမန္းၿပီးမွသတ္ျဖတ္ခဲ့ပုံရသလို ႏွိပ္စက္ခဲ့ပုံလည္းေတြ႔ ရတယ္လို႔လည္းေျပာပါတယ္။ RSF စုံစမ္းေရးအဖြဲ႔ေခါင္းေဆာင္ Arnaud Froger နဲ႔အတူ ယူကရိန္းမွာ Levin နဲ႔အတူတြဲလုပ္ခဲ့ဖူးတဲ့ ျပင္သစ္ႏုိင္ငံသား စစ္ဓာတ္ပုံသတင္းေထာက္ Patrick Chauvel တို႔က ဦးေဆာင္ၿပီး စုံစမ္းစစ္ေဆးခဲ့ၾကတာပါ။ ရုရွားတို႔ရဲ ႔က်ဴးေက်ာ္စစ္ကို ဓာတ္ပုံရိုက္မွတ္တမ္းျပဳစုေနတဲ့ Levin ရဲ ႔ ဒရုန္းကင္မရာကို လိုက္ရွာၾကတဲ့အခ်ိန္ သူတို႔၂ ေယာက္ကို ရုရွားတပ္သားေတြဖမ္းဆီးသြားတာျဖစ္တယ္လို႔ စုံစမ္းေရးအဖြဲ႔က ေကာက္ခ်က္ခ်ခဲ့ပါတယ္။

အခင္းျဖစ္တဲ့ေနရာက ရတဲ့သက္ေသအေထာက္အထားေတြထဲမွာ က်ည္ဆံေတြ၊ ဘယ္သူဘယ္၀ါျဖစ္ေၾကာင္းေဖာ္ျပတဲ့ စာရြက္အေထာက္အထားေတြ၊ DNA နမူနာေတြအျပင္ မီးကၽြမ္းေနတဲ့ Levin ရဲ ႔ Ford Maverick ကားနဲ႔ ရွာေတြ႔ခဲ့တဲ့အျခားပစၥည္းေတြအရ သူတို႔အသက္ခံခဲ့ရတယ္ဆိုတာညႊန္ျပေနတယ္လို႔ RSF ကေျပာပါတယ္။ ကေလး ၄ ေယာက္ဖခင္၊ အသက္ ၄၀ အရြယ္ Levin ဟာ ယူကရိန္းစစ္ပြဲအတြင္း အသတ္ခံရတဲ့ သတင္းသမား ၈ ဦးထဲက တဦးအပါအ၀င္ျဖစ္ပါတယ္။ သူ႔ရုပ္အေလာင္းကို ဧၿပီလ ၂ ရက္ေန႔က ေတာအုပ္တခုထဲမွာေတြ႔ခဲ့တာပါ။ သူဟာ ယူကရိန္းသတင္းမီဒီယာေတြ၊ Reuters, BBC နဲ႔ AP အပါအ၀င္ ႏုိင္ငံတကာသတင္းဌာနေတြမွာ ပါလုပ္ကုိင္ခဲ့သူလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ယူကရိန်း မီဒီယာသမား ရုရှားတပ်ဖွဲ့ သတ်ဖြတ် (RSF)

ယူကရိန်း ဓာတ်ပုံဆရာလည်းဖြစ် မှတ်တမ်းကားထုတ်လုပ်သူလည်းဖြစ်တဲ့ Maks Levin နဲ့ သူ့ကိုလုံခြုံရေးယူပေးတဲ့တပ်သားတယောက်ကို ရုရှားတပ်ဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ကပြောပါတယ်။ ယူကရိန်းမြို့တော် Kyiv အနီးမှာ ပျောက်သွားတဲ့ အဝေးထိန်းဒရုန်းကင်မရာကို လိုက်ရှာခဲ့တဲ့အချိန် မတ်လအတွင်း အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒီဖြစ်ရပ်ကို စုံစမ်းခဲ့တဲ့ ပြင်သစ်အခြေစိုက် RSF အဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ မေ ၂၄ ကနေ ဂျွန်၃ ရက်နေ့ထိစုံစမ်းမှုအတွင်း FSF ကရရှိခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့ သက်သေအထောက်အထားတွေအရ Levin နဲ့ Oleksiy Chernyshov တို့်ကို ရုရှားတပ်တွေက Moshchun ရွာအနီးမှာ မတ်လ ၁၃ ရက်နေ့က သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့အစီရင်ခံစာမှာပြောထားပါတယ်။
သူတို့နှစ်ဦးကို စစ်ဆေးမေးမြန်းပြီးမှသတ်ဖြတ်ခဲ့ပုံရသလို နှိပ်စက်ခဲ့ပုံလည်းတွေ့ ရတယ်လို့လည်းပြောပါတယ်။ RSF စုံစမ်းရေးအဖွဲ့ခေါင်းဆောင် Arnaud Froger နဲ့အတူ ယူကရိန်းမှာ Levin နဲ့အတူတွဲလုပ်ခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံသား စစ်ဓာတ်ပုံသတင်းထောက် Patrick Chauvel တို့က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့ကြတာပါ။ ရုရှားတို့ရဲ့ကျူးကျော်စစ်ကို ဓာတ်ပုံရိုက်မှတ်တမ်းပြုစုနေတဲ့ Levin ရဲ့ ဒရုန်းကင်မရာကို လိုက်ရှာကြတဲ့အချိန် သူတို့၂ ယောက်ကို ရုရှားတပ်သားတွေဖမ်းဆီးသွားတာဖြစ်တယ်လို့ စုံစမ်းရေးအဖွဲ့က ကောက်ချက်ချခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာက ရတဲ့သက်သေအထောက်အထားတွေထဲမှာ ကျည်ဆံတွေ၊ ဘယ်သူဘယ်ဝါဖြစ်ကြောင်းဖော်ပြတဲ့ စာရွက်အထောက်အထားတွေ၊ DNA နမူနာတွေအပြင် မီးကျွမ်းနေတဲ့ Levin ရဲ့ Ford Maverick ကားနဲ့ ရှာတွေ့ခဲ့တဲ့အခြားပစ္စည်းတွေအရ သူတို့အသက်ခံခဲ့ရတယ်ဆိုတာညွှန်ပြနေတယ်လို့ RSF ကပြောပါတယ်။ ကလေး ၄ ယောက်ဖခင်၊ အသက် ၄၀ အရွယ် Levin ဟာ ယူကရိန်းစစ်ပွဲအတွင်း အသတ်ခံရတဲ့ သတင်းသမား ၈ ဦးထဲက တဦးအပါအဝင်ဖြစ်ပါတယ်။ သူ့ရုပ်အလောင်းကို ဧပြီလ ၂ ရက်နေ့က တောအုပ်တခုထဲမှာတွေ့ခဲ့တာပါ။ သူဟာ ယူကရိန်းသတင်းမီဒီယာတွေ၊ Reuters, BBC နဲ့ AP အပါအဝင် နိုင်ငံတကာသတင်းဌာနတွေမှာ ပါလုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။

XS
SM
MD
LG