ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေအပေါ် ယူကရိန်းတပ်ဖွဲ့တွေက စစ်ဆေးရေး စတင်လိုက်တဲ့အချိန်မှာပဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက သူပုန်တွေသိမ်းပိုက်ထားတဲ့ မြို့အနီးမှာ သောကြာနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ယူကရိန်းပြည်ထဲရေးဝန်ကြီး အာဆန် အီဗန်ကော့ဗ် (Arsen Avakov) ကတော့ Slovyansk (စလိုဗီယန့်စ်) မြို့မှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ယူကရိန်း ရဟတ်ယာဉ် နှစ်စင်းကို သူပုန်တွေဘက်က ပစ်ချခဲ့ပြီး ယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ရပါတယ်။
နောက် တတိယရဟတ်ယာဉ်တစင်းက ယာဉ်မှူးတစ်ဦးကတော့ ခွဲထွက်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မြို့တွင်းက ဆေးရုံတခုကို ပို့ခဲ့ပါတယ်။
သူပုန်တွေအနေနဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့၊ လက်နက်ချဖို့နဲ့ သိမ်းပိုက်ထားတဲ့ အဆောက်အဦးတွေကနေ ဖယ်ရှားပြီး မြို့ပြပိုင် ပစ္စည်းတွေကို နေရာတကျ ပြန်ထားဖို့ ယူကရိန်းအစိုးရက တောင်းဆိုတဲ့အကြောင်း ပြည်ထဲရေးဝန်ကြီး အီဗန်ကော့ဗ် (Avakov) က သူ့ရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Slovyansk (စလိုဗီယန့်စ်)ရဲ့ မြို့တော်ဝန်လို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ ရုရှားလိုလားသူ မစ္စတာ ပိုနိုမာရဖ် (Ponomarev) က ရုရှားရုပ်သံတခုမှာ - ဒီနေ့ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း ခွဲထွက်ရေးအဖွဲ့က ၃ ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ အခုလို ယူကရိန်းရဲ့ သောကြောနေ့က တိုက်ခိုက်မှုဟာဆိုရင် ယူကရိန်းမှာဖြစ်နေတဲ့ ပဋိပက္ခကို ပြေလည်စေရေး ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေကို ပျက်ပြားသွားစေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနယ်စပ်အနီး ပြဿနာဖြစ်နေတဲ့ ဒေသကနေ ယူကရိန်းတပ်တွေကို ရုပ်သိမ်းဖို့အတွက်လည်း သမ္မတ ပူတင်ကိုယ်တိုင်က ကြာသပတေးနေ့မှာ တောင်းဆိုခဲ့ပါတယ်။
ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဒီကနေ့ တွေ့ဆုံမယ့် ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲ (Angela Merkel) နဲ့ တယ်လီဖုန်းပြောဆိုချိန်မှာ ရုရှားသမ္မတ ပူတင်က တောင်းဆိုခဲ့တာပါ။
ရုရှားစကားပြောတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဒါဇင်နဲ့ချီတဲ့ မြို့တွေက အဆောက်အဦးတွေကို သိမ်းပိုက်ထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ဖြေရှင်းဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို ကြာသပတေးနေ့ကတော့ ယူကရိန်းယာယီသမ္မတ အိုဘက်ဆန်ဒါ တာချီနော့ဗ် (Oleksandr Turchynov) ကနေ လက်မှတ်ထိုးခဲ့ပါတယ်။