သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကိစ္စ အမေရိကန်က ရုရှားအပေါ် ပိတ်ဆို့မှုချမှတ်


ယူကရိန်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ သူပုန်ထမှုကို ရုရှားအစိုးရက အားပေးတဲ့အတွက် ရုရှားဘဏ်တွေနဲ့ စွမ်းအင်ကုမ္ပဏီတွေအပေါ် အမေရိကန်က နောက်ထပ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုကို သမ္မတ ဘရက်ခ် အိုဘားမား က ကြေညာခဲ့ပါတယ်။

ဖြစ်နေတဲ့ ပဋိပက္ခတွေ ကျဆင်းသွားရေးအတွက် လိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်ပါလို့ ရုရှားအစိုးရကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ အမေရိကန်ရဲ့ အကြံပြုချက် တခုကိုမှ အခုချိန်ထိ ရုရှားက လိုက်မလုပ်ခဲ့ဘူးလို့ သမ္မတ အိုဘားမားက အိမ်ဖြူတော်ကနေ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ရုရှားစွမ်းအင်လုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ Novatek နဲ့ Rosneft တို့က အမေရိကန် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှု မလုပ်နိုင်အောင် တားမြစ်တာနဲ့ ဘဏ္ဍာရေးဈေးကွက်တွေထဲ ဝင်ရောက်မှုကို ကန့်သတ်တဲ့ ဆောင်ရွက်ချက်သစ်တွေကို အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ်အပြင် တင့်ကားတွေ ထုတ်လုပ်တဲ့ ရုရှားလက်နက်ကုမ္ပဏီ ၈ ခု အပေါ်လည်း ပိတ်ဆို့ ဒဏ်ခတ်လိုက်သလို Crimea ကျွန်းဆွယ်က အဓိကကျတဲ့ ဆိပ်ကမ်းတခုကိုလည်း ပစ်မှတ်ထား အရေးယူခဲ့ပါတယ်။

XS
SM
MD
LG