သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားတိုက္ခိုက္ခံရတဲ့ ယူကရိန္း ႏ်ဴ ကလီယားစြမ္းအင္ထုတ္စက္႐ုံ အေျခအေန ထိန္းထားႏိုင္ (IAEA)


ယူကရိန္းႏိုင္ငံ Enerhodar မွာရွိတဲ့ ႏ်ဴကလီယားစြမ္းအင္ထုတ္စက္႐ံု Zaporizhzhia တိုက္ခုိက္ခံရၿပီး မီးေလာင္ထားတဲ့ျမင္ကြင္း။ (မတ္လ ၄၊ ၂၀၂၂)  


[[Zawgyi/Unicode]]

႐ုရွားတိုက္ခုိက္မႈေၾကာင့္မီးေလာင္ခဲ့တဲ့ ယူကရိန္း ႏ်ဴကလီယားစြမ္းအင္ထုတ္ စက္႐ုံနဲ႔ ပုံမွန္ဆက္သြယ္ၿပီး အေျခအေန ထိန္းထားႏိုင္တယ္လို႔ ကုလသမဂၢအႏုျမဴစြမ္းအင္ေအဂ်င္စီ IAEA က ဆိုပါတယ္။

႐ုရွားအေနနဲ႔ ယူကရိန္း Zaporizhzhia န်ဴကလီယား စြမ္းအင္ထုတ္စက္႐ုံကို လက္နက္ႀကီးနဲ႔ မတိုက္ခိုက္ခင္ကတည္းက အကူအညီေပးဖို႔ ခုလို အဆက္အသြယ္ ရထားတာလို႔ IAEA ၫႊန္ခ်ဳပ္ Rafael Mariano Grossi က မေန႔က ေျပာလိုက္ပါတယ္။ ဒါ့အျပင္ အခုလို ႐ုရွားတိုက္ခိုက္တာခံခဲ့ရၿပီး မီးေလာင္ခဲ့ေပမယ့္ ေနာက္ဆုံး မီးၿငိမ္းႏိုင္လိုက္ေၾကာင္းနဲ႔ အေရးပါတဲ့ စက္ပစၥည္းကရိယာေတြ ပ်က္စီးတာမရွိဘူးလို႔ ယူကရိန္းအရာရွိေတြက ေျပာေၾကာင္းလည္း IAEA အဖြဲ႕က Twitter မွာ ဒီေန႔ ဆက္ေျပာထားပါတယ္။

IAEA ၫြန္ခ်ဳပ္ Grossi ကလည္း ယူကရိန္းဘက္ကေန ခ်ာႏိုဘိုင္န်ဴကလီယား စြမ္းအင္စက္႐ုံနဲ႔ အျခားစက္႐ုံေတြရဲ႕ ေဘးကင္းလုံၿခဳံမႈအတြက္ အေရးေပၚအကူအညီေတာင္းခဲ့တာမို႔ ဆက္သြယ္ကူညီေပးေနတာပါလို႔ ဆက္ေျပာခဲ့ပါတယ္။

IAEA ကို ယူကရိန္း န်ဴကလီယား ေအဂ်င္စီကစာပို႔လာရာမွာ ၿပီးခဲ့တဲ့အပတ္ထဲက ႐ုရွားသိမ္းထားတဲ့ ခ်ာႏိုဘိုင္န်ဴကလီယား စြမ္းအင္ထုတ္စက္႐ုံမွာ ယူကရိန္း ဝန္ထမ္းေတြကိုလည္း အျပင္ေပးမထြက္ဘဲထိန္းထားၿပီး သူတို႔ ဆက္အလုပ္လုပ္ေနရေပမယ့္ စိတ္ေထာင္းကိုယ္ေက် ပင္ပန္းႏြမ္းနယ္ေနၾကၿပီလို႔ ရွင္းျပထားပါတယ္။

ဒါေၾကာင့္ IAEA အႀကီးအကဲ Grossi က ဒီယူကရိန္းဝန္ထမ္းေတြကို အနားေပးၿပီး အလွည့္က် အလုပ္ဆင္းတဲ့စနစ္ကိုက်င့္သုံးမွ သူတို႔ အႏၲရာယ္ကင္းကင္းနဲ႔ ဆက္အလုပ္လုပ္ႏိုင္မွာျဖစ္တယ္လို႔ သတိေပးခဲ့ပါေသးတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရုရှားတိုက်ခိုက်ခံရတဲ့ ယူကရိန်း နျူကလီယားစွမ်းအင်ထုတ်စက်ရုံ အခြေအနေ ထိန်းထားနိုင် (IAEA)

ရုရှားတိုက်ခိုက်မှုကြောင့်မီးလောင်ခဲ့တဲ့ ယူကရိန်း နျူကလီယားစွမ်းအင်ထုတ် စက်ရုံနဲ့ ပုံမှန်ဆက်သွယ်ပြီး အခြေအနေ ထိန်းထားနိုင်တယ်လို့ ကုလသမဂ္ဂအနုမြူစွမ်းအင်အေဂျင်စီ IAEA က ဆိုပါတယ်။

ရုရှားအနေနဲ့ ယူကရိန်း Zaporizhzhia နျူကလီယား စွမ်းအင်ထုတ်စက်ရုံကို လက်နက်ကြီးနဲ့ မတိုက်ခိုက်ခင်ကတည်းက အကူအညီပေးဖို့ ခုလို အဆက်အသွယ် ရထားတာလို့ IAEA ညွှန်ချုပ် Rafael Mariano Grossi က မနေ့က ပြောလိုက်ပါတယ်။ ဒါ့အပြင် အခုလို ရုရှားတိုက်ခိုက်တာခံခဲ့ရပြီး မီးလောင်ခဲ့ပေမယ့် နောက်ဆုံး မီးငြိမ်းနိုင်လိုက်ကြောင်းနဲ့ အရေးပါတဲ့ စက်ပစ္စည်းကရိယာတွေ ပျက်စီးတာမရှိဘူးလို့ ယူကရိန်းအရာရှိတွေက ပြောကြောင်းလည်း IAEA အဖွဲ့က Twitter မှာ ဒီနေ့ ဆက်ပြောထားပါတယ်။

IAEA ညွန်ချုပ် Grossi ကလည်း ယူကရိန်းဘက်ကနေ ချာနိုဘိုင်နျူကလီယား စွမ်းအင်စက်ရုံနဲ့ အခြားစက်ရုံတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် အရေးပေါ်အကူအညီတောင်းခဲ့တာမို့ ဆက်သွယ်ကူညီပေးနေတာပါလို့ ဆက်ပြောခဲ့ပါတယ်။

IAEA ကို ယူကရိန်း နျူကလီယား အေဂျင်စီကစာပို့လာရာမှာ ပြီးခဲ့တဲ့အပတ်ထဲက ရုရှားသိမ်းထားတဲ့ ချာနိုဘိုင်နျူကလီယား စွမ်းအင်ထုတ်စက်ရုံမှာ ယူကရိန်း ဝန်ထမ်းတွေကိုလည်း အပြင်ပေးမထွက်ဘဲထိန်းထားပြီး သူတို့ ဆက်အလုပ်လုပ်နေရပေမယ့် စိတ်ထောင်းကိုယ်ကျေ ပင်ပန်းနွမ်းနယ်နေကြပြီလို့ ရှင်းပြထားပါတယ်။

ဒါကြောင့် IAEA အကြီးအကဲ Grossi က ဒီယူကရိန်းဝန်ထမ်းတွေကို အနားပေးပြီး အလှည့်ကျ အလုပ်ဆင်းတဲ့စနစ်ကိုကျင့်သုံးမှ သူတို့ အန္တရာယ်ကင်းကင်းနဲ့ ဆက်အလုပ်လုပ်နိုင်မှာဖြစ်တယ်လို့ သတိပေးခဲ့ပါသေးတယ် ခင်ဗျာ။

=================

XS
SM
MD
LG