သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားကို ေလယာဥ္အပိုပစၥည္းေတြေရာင္းဖို႔ တ႐ုတ္ဘက္ကျငင္းတဲ့သတင္းထြက္လာ 


[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံက ႐ုရွားကို ေလယာဥ္အပိုပစၥည္းေတြ ေရာင္းခ်ဖို႔ ျငင္းဆိုခဲ့တယ္လို႔ ႐ုရွားေလေၾကာင္းဆိုင္ရာ အာဏာပိုင္ေတြကို ကိုးကားၿပီး ႐ုရွားသတင္းဌာနေတြက ဒီကေန႔ ေျပာပါတယ္။ ဒါဟာ အေမရိကန္အေျခစိုက္ Boeing နဲ႔ ဥေရာပအေျခစိုက္ Airbus ကုမၸဏီေတြက ႐ုရွားကို ေလယာဥ္အပိုပစၥည္းေတြ ေရာင္းခ်မႈ ရပ္တန္႔လိုက္ၿပီးတဲ့ေနာက္ တ႐ုတ္ဘက္ကလည္း အလားတူ လုပ္ေဆာင္တဲ့သတင္း ထြက္လာတာပါ။

႐ုရွားက ယူကရိန္းကို ဝင္ေရာက္တိုက္ခိုက္ေနတာေၾကာင့္ အေနာက္အုပ္စုႏိုင္ငံေတြက ႐ုရွားအေပၚ ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္ခဲ့ၿပီးတဲ့ေနာက္ ႐ုရွားရဲ႕ ေလေၾကာင္းလိုင္းေတြလည္း အခက္အခဲနဲ႔ ရင္ဆိုင္လာေနရတာပါ။ ႐ုရွားႏိုင္ငံျခားေရးဌာနကလည္း ႐ုရွားရဲ႕ ခရီးသည္တင္ေလယာဥ္ေတြပ်ံသန္းမႈ ေဘးကင္းလုံျခံဳေရးအတြက္ စိုးရိမ္စရာရွိေၾကာင္း ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံကေန ဝယ္လို႔မရေတာ့တဲ့အတြက္ တူရကီ၊ အိႏၵိယနဲ႔ တျခားႏိုင္ငံေတြကေန ဝယ္ယူဖို႔ ႀကိဳးစားေနေၾကာင္း ႐ုရွားက ခရီးသည္တင္ေလယာဥ္ေတြ ပ်ံသန္းႏိုင္ျခင္းရွိမရွိ ျပင္ဆင္စစ္ေဆးရတဲ့ဌာနက အရာရွိျဖစ္သူ Valery Kudinov ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး အစိုးရပိုင္ Interfax သတင္းဌာနအပါအဝင္ ႐ုရွားသတင္းဌာနေတြမွာ ေရးသား ေဖာ္ျပၾကပါတယ္။

ႏိုင္ငံျခားတိုင္းျပည္မွာ မွတ္ပုံတင္ထားတဲ့ ႐ုရွားေလယာဥ္အေတာ္မ်ားမ်ားဟာ အေနာက္ႏိုင္ငံေတြက ႐ုရွားေလေၾကာင္းလုပ္ငန္းအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္ၿပီးတဲ့ေနာက္ ႐ုရွားကို ျပန္ေရာက္လာၾကေပမယ့္လည္း အဲဒီေလယာဥ္ေတြဟာ သူတို႔ ငွားထားတဲ့ ကုမၸဏီေတြဆီ ျပန္အပ္ၾကမယ္လို႔ သူေမွ်ာ္လင့္ေၾကာင္းလည္း Valery Kudinov က ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ျပင္ပကုမၸဏီေတြက ငွားသုံးေနတဲ့ ျပည္တြင္းေလေၾကာင္းကုမၸဏီေတြအေနနဲ႔ ရမ္းခကို ႐ုရွား ႐ူဘယ္လ္ေငြနဲ႔ေပး ဖို႔နဲ႔ တကယ္လို႔ ငွားထားတဲ့စာခ်ဳပ္ ပ်က္သြားခဲ့ရင္ အဲဒီေလယာဥ္ေတြ ႏိုင္ငံျခားကုမၸဏီကို ျပန္အပ္ခြင့္ ပိတ္ပင္ကန္႔သတ္မယ့္ ဥပေဒၾကမ္းကို ႐ုရွားအစိုးရက ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ရုရှားကို လေယာဉ်အပိုပစ္စည်းတွေရောင်းဖို့ တရုတ်ဘက်ကငြင်းတဲ့သတင်းထွက်လာ

တရုတ်နိုင်ငံက ရုရှားကို လေယာဉ်အပိုပစ္စည်းတွေ ရောင်းချဖို့ ငြင်းဆိုခဲ့တယ်လို့ ရုရှားလေကြောင်းဆိုင်ရာ အာဏာပိုင်တွေကို ကိုးကားပြီး ရုရှားသတင်းဌာနတွေက ဒီကနေ့ ပြောပါတယ်။ ဒါဟာ အမေရိကန်အခြေစိုက် Boeing နဲ့ ဥရောပအခြေစိုက် Airbus ကုမ္ပဏီတွေက ရုရှားကို လေယာဉ်အပိုပစ္စည်းတွေ ရောင်းချမှု ရပ်တန့်လိုက်ပြီးတဲ့နောက် တရုတ်ဘက်ကလည်း အလားတူ လုပ်ဆောင်တဲ့သတင်း ထွက်လာတာပါ။

ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နေတာကြောင့် အနောက်အုပ်စုနိုင်ငံတွေက ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ပြီးတဲ့နောက် ရုရှားရဲ့ လေကြောင်းလိုင်းတွေလည်း အခက်အခဲနဲ့ ရင်ဆိုင်လာနေရတာပါ။ ရုရှားနိုင်ငံခြားရေးဌာနကလည်း ရုရှားရဲ့ ခရီးသည်တင်လေယာဉ်တွေပျံသန်းမှု ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်စရာရှိကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံကနေ ဝယ်လို့မရတော့တဲ့အတွက် တူရကီ၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေကနေ ဝယ်ယူဖို့ ကြိုးစားနေကြောင်း ရုရှားက ခရီးသည်တင်လေယာဉ်တွေ ပျံသန်းနိုင်ခြင်းရှိမရှိ ပြင်ဆင်စစ်ဆေးရတဲ့ဌာနက အရာရှိဖြစ်သူ Valery Kudinov ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင် Interfax သတင်းဌာနအပါအဝင် ရုရှားသတင်းဌာနတွေမှာ ရေးသား ဖော်ပြကြပါတယ်။

နိုင်ငံခြားတိုင်းပြည်မှာ မှတ်ပုံတင်ထားတဲ့ ရုရှားလေယာဉ်အတော်များများဟာ အနောက်နိုင်ငံတွေက ရုရှားလေကြောင်းလုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီးတဲ့နောက် ရုရှားကို ပြန်ရောက်လာကြပေမယ့်လည်း အဲဒီလေယာဉ်တွေဟာ သူတို့ ငှားထားတဲ့ ကုမ္ပဏီတွေဆီ ပြန်အပ်ကြမယ်လို့ သူမျှော်လင့်ကြောင်းလည်း Valery Kudinov က ပြောပါတယ်။

တချိန်တည်းမှာပဲ ပြင်ပကုမ္ပဏီတွေက ငှားသုံးနေတဲ့ ပြည်တွင်းလေကြောင်းကုမ္ပဏီတွေအနေနဲ့ ရမ်းခကို ရုရှား ရူဘယ်လ်ငွေနဲ့ပေး ဖို့နဲ့ တကယ်လို့ ငှားထားတဲ့စာချုပ် ပျက်သွားခဲ့ရင် အဲဒီလေယာဉ်တွေ နိုင်ငံခြားကုမ္ပဏီကို ပြန်အပ်ခွင့် ပိတ်ပင်ကန့်သတ်မယ့် ဥပဒေကြမ်းကို ရုရှားအစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

==============

XS
SM
MD
LG