သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရု်ဇ်ဒုံးကျည်တပ် ရုရှားစစ်သင်္ဘောကြီးတစီး ပျက်စီး နစ်မြုပ် 


ရုရှားနိုင်ငံရဲ့ ခရုဇ်မစ်ဇိုင်း ဒုံးကျည်တပ် Moskva စစ်သင်္ဘောကို ခရိုင်းမီးယားဒေသ၊ Sevastopol မှာ ဆိုက်ကပ်ထားစဉ် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်း (ဧပြီ ၇၊ ၂၀၂၂) 
ရုရှားနိုင်ငံရဲ့ ခရုဇ်မစ်ဇိုင်း ဒုံးကျည်တပ် Moskva စစ်သင်္ဘောကို ခရိုင်းမီးယားဒေသ၊ Sevastopol မှာ ဆိုက်ကပ်ထားစဉ် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်း (ဧပြီ ၇၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ပင်လယ်နက်ထဲက ခရုဇ် မစ်ဇိုင်း ဒုံးကျည်တပ်ထားတဲ့ ရုရှား Moskav စစ်သင်္ဘော ပျက်စီးနစ်မြုပ်သွားတာဟာ ရုရှားအတွက် အကြီးအကျယ် အထိနာဆုံးရှုံးမယ့် လက္ခဏာတရပ် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ Moskav စစ်သင်္ဘောကို ဆိပ်ကမ်းကိုပြန်ဆွဲတဲ့အချိန် ပင်လယ်ထဲမှာ မနေ့က နစ်မြုပ်သွားခဲ့တာပါ။

ယူကရိန်းစစ်ပွဲအစမှာ မြွေကျွန်းပေါ်က ခုခံနေကြတဲ့ ယူကရိန်းစစ်သားတွေကို လက်နက်ချဖို့ အခုနစ်မြုပ်သွားတဲ့ စစ်သင်္ဘောက တောင်းဆိုခဲ့ရာမှာ ယူကရိန်း စစ်သားတွေက ဆဲဆို မောင်းထုတ်ခဲ့ကြဖူးပါတယ်။ ယူကရိန်းအရာရှိတွေက ဒီစစ်သင်္ဘောကို သူတို့ မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောဆိုပေမဲ့ အငြင်းပွားမှုတွေ ရှိနေပါတယ်။ ယူကရိန်းကထုတ်လုပ်တဲ့ Neptune သင်္ဘောပစ် ဒုံးကျည်ကို ထရပ်ကားပေါ်ကနေ ၁၇၅ မိုင်အကွာထိ ပစ်နိုင်တယ်လို့ သုံးသပ်သူတွေကတော့ပြောပါတယ်။

သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းခဲ့တယ်ဆိုတာကို ရုရှားဘက်က ဝန်ခံပေမယ့် တိုက်ခိုက်ခံရတာမဟုတ်ဘူးလို့ ငြင်းဆိုနေပါတယ်။ ရုရှားက သူ့ရဲ့ အခြားစစ်သင်္ဘောတွေကို တောင်ပိုင်းဝေးရာကို ရွှေ့ခဲ့တယ်လို့လည်း လေ့လာသူတွေကဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေကတော့ ဒီ စစ်သင်္ဘောကြီး ပျက်စီးနစ်မြုပ်သွားစေတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်ကြ သေးပါဘူး။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ရုရှားကို ကြံ့ကြံခံနေတဲ့ တွန်းလှန်စစ်ကို ချီးကျုးပြောဆိုပြီး ယူကရိန်း ပြည်သူတွေဟာ အခုလိုပြန်တိုက်ဖို့ သူတို့ဘဝမှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တရပ်ကို ချခဲ့ကြတာဖြစ်တယ်လို့ မနေ့က ပြောဆိုပါ တယ်။ ရုရှားကျုးကျော်မှုကို ရက်ပေါင်း ၅၀ ခုခံတိုက်ခိုက်နိုင်ခဲ့တာကို ယူကရိန်းပြည်သူတွေ ဂုဏ်ယူသင့်ကြပါတယ်လို့ သမ္မတ Zelenskyy က သူ့ရဲ့ ညစဉ် အသံလွှင့်အစီအစဉ်မှာ ပြောပါတယ်။ ရုရှားဘက်က စကျုးကျော်ချိန်မှာ အများဆုံး ၅ ရက်လောက်ပဲ ခံမယ်လို့ပဲ ထင်ထားခဲ့တယ်လို့လည်း သူကဆိုပါတယ်။

ရုရှားက စတင်တိုက်ခိုက်ပြီး ယူကရိန်းအခြေအနေ မရေမရာဖြစ်နေချိန်မှာ သူ့ကို တိုင်းပြည်ကထွက်ဖို့ မိတ်ဆွေနိုင်ငံ ခေါင်းဆောင်တချို့က နားချခဲ့တာကိုလည်း သမ္မတ Zelenskyy က ပြောပါတယ်။ ယူကရိန်းပြည်သူ တွေရဲ့ ရဲရင့်မှု၊ လွတ်မြောက်ရေးနဲ့ ရှင်သန်ရပ်တည်ခွင့်အပေါ် တန်ဖိုးထားမှုတွေကို ရုရှားတွေ မသိကြဘူးလို့လည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]
ခရုျဇျဒုံးကညြျတပျ ရုရှားစဈသငျ်ဘောကွီးတစီး ပကြျစီး နဈမွုပျ






============

XS
SM
MD
LG