[[Zawgyi/Unicode]]
ပင္လယ္နက္ေဒသ ႐ုရွား ေရတပ္သေဘၤာေတြထဲက ခ႐ုဇ္ မစ္ဇိုင္းဒုံးက်ည္တပ္ ထားတဲ့ Moskva စစ္သေဘၤာေပၚမွာ လက္နက္ခဲယမ္းေတြ ေပါက္ကြဲခဲ့တာေၾကာင့္ စစ္သေဘၤာ အႀကီးအက်ယ္ ပ်က္စီးသြားတဲ့အေၾကာင္း ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနက ဒီေန႔ေျပာဆိုတာကို ကိုးကားၿပီး Interfax သတင္းဌာနက သတင္းထုတ္ျပန္ပါတယ္။
စစ္သေဘၤာေပၚမွာပါတဲ့ ေရတပ္ တပ္ဖြဲ႔ဝင္ေတြကို ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ Interfax သတင္းမွာ ေရးပါတယ္။ မီးေလာင္ကြၽမ္းမႈကတဆင့္ လက္နက္ေတြေပါက္ကြဲခဲ့တာလို႔ေျပာဆိုၿပီး အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲပဲလို႔ ေျပာပါတယ္။
႐ုရွားစစ္သေဘၤာ Moskva ကို မစ္ဇိုင္းဒုံးက်ည္ႏွစ္စင္း ထိမွန္ခဲ့တဲ့အေၾကာင္း ယူက ရိန္းအရာရွိေတြက ေစာေစာပိုင္းက ေျပာဆိုထားပါတယ္။ ဒါေပမယ့္ သက္ေသအေထာက္အထားေတာ့ မျပႏိုင္ခဲ့ပါဘူး။
Moskva စစ္သေဘၤာဟာ မက္ထရစ္တန္ခ်ိန္ ၁၂,၅၀၀ ရွိၿပီး ေရတပ္တပ္ဖြဲ႔ဝင္ ၅၀၀ လိုက္ပါတဲ့ သေဘၤာျဖစ္ပါတယ္။ သေဘၤာဖ်က္ Vulkan ခ႐ုဇ္ မစ္ဇိုင္းဒုံးလက္နက္ ၁၆ ခု တပ္ဆင္ထားၿပီး အနည္းဆုံး ကီလိုမီတာ ၇၀၀ အတြင္း ပစ္ခတ္ႏိုင္တဲ့ တိုက္ သေဘၤာျဖစ္ပါတယ္။ အခု လက္နက္ခဲယမ္းေတြ ေပါက္ကြဲပ်က္စီးသြားတာနဲ႔ ပတ္သက္လို႔ တျခားအေသးစိတ္ကိုေတာ့ သတင္းမွာ ေဖာ္ျပျခင္းမရွိပါဘူး။
ဒီအေတာအတြင္း ယူကရိန္းကို အေမရိကန္က ေနာက္ထပ္ လက္နက္ခဲယမ္း အေမရိကန္ေဒၚလာ သန္း ၈၀၀ ဖိုး ကူညီေထာက္ပံ့ မယ္လို႔ မေန႔က ေၾကညာလိုက္ပါတယ္။ ဒါဟာ ယူကရိန္းအေရွ႕ဘက္ျခမ္းမွာ ႐ုရွားက ထိုးစစ္ဆင္ေနတာကို ယူကရိန္းအေနနဲ႔ ခုခံႏိုင္ဖို႔အတြက္ျဖစ္တယ္လို႔ အေမရိကန္အစိုးရက ဗုဒၶဟူးေန႔မွာ ေျပာခဲ့ပါတယ္။
ေနာက္ထပ္အခုလို လက္နက္ခဲယမ္းေတြ ထပ္မံေပးပို႔မယ့္အေၾကာင္းကို သမၼတ Joe Biden က သမၼတ Zelenskyy နဲ႔ တနာရီ ၾကာ ဖုန္းနဲ႔စကားေျပာအၿပီး ေၾက ညာခ်က္ ထုတ္ျပန္လိုက္တာပါ။
============
[[Unicode]]
ရုရှားရေတပ်သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်ပြီး သင်္ဘောပျက်စီးမှုကြီးမား
ပင်လယ်နက်ဒေသ ရုရှား ရေတပ်သင်္ဘောတွေထဲက ခရုဇ် မစ်ဇိုင်းဒုံးကျည်တပ် ထားတဲ့ Moskva စစ်သင်္ဘောပေါ်မှာ လက်နက်ခဲယမ်းတွေ ပေါက်ကွဲခဲ့တာကြောင့် စစ်သင်္ဘော အကြီးအကျယ် ပျက်စီးသွားတဲ့အကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ပြောဆိုတာကို ကိုးကားပြီး Interfax သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
စစ်သင်္ဘောပေါ်မှာပါတဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ Interfax သတင်းမှာ ရေးပါတယ်။ မီးလောင်ကျွမ်းမှုကတဆင့် လက်နက်တွေပေါက်ကွဲခဲ့တာလို့ပြောဆိုပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပဲလို့ ပြောပါတယ်။
ရုရှားစစ်သင်္ဘော Moskva ကို မစ်ဇိုင်းဒုံးကျည်နှစ်စင်း ထိမှန်ခဲ့တဲ့အကြောင်း ယူက ရိန်းအရာရှိတွေက စောစောပိုင်းက ပြောဆိုထားပါတယ်။ ဒါပေမယ့် သက်သေအထောက်အထားတော့ မပြနိုင်ခဲ့ပါဘူး။
Moskva စစ်သင်္ဘောဟာ မက်ထရစ်တန်ချိန် ၁၂,၅၀၀ ရှိပြီး ရေတပ်တပ်ဖွဲ့ဝင် ၅၀၀ လိုက်ပါတဲ့ သင်္ဘောဖြစ်ပါတယ်။ သင်္ဘောဖျက် Vulkan ခရုဇ် မစ်ဇိုင်းဒုံးလက်နက် ၁၆ ခု တပ်ဆင်ထားပြီး အနည်းဆုံး ကီလိုမီတာ ၇၀၀ အတွင်း ပစ်ခတ်နိုင်တဲ့ တိုက် သင်္ဘောဖြစ်ပါတယ်။ အခု လက်နက်ခဲယမ်းတွေ ပေါက်ကွဲပျက်စီးသွားတာနဲ့ ပတ်သက်လို့ တခြားအသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။
ဒီအတောအတွင်း ယူကရိန်းကို အမေရိကန်က နောက်ထပ် လက်နက်ခဲယမ်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုး ကူညီထောက်ပံ့ မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ ယူကရိန်းအရှေ့ဘက်ခြမ်းမှာ ရုရှားက ထိုးစစ်ဆင်နေတာကို ယူကရိန်းအနေနဲ့ ခုခံနိုင်ဖို့အတွက်ဖြစ်တယ်လို့ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
နောက်ထပ်အခုလို လက်နက်ခဲယမ်းတွေ ထပ်မံပေးပို့မယ့်အကြောင်းကို သမ္မတ Joe Biden က သမ္မတ Zelenskyy နဲ့ တနာရီ ကြာ ဖုန်းနဲ့စကားပြောအပြီး ကြေ ညာချက် ထုတ်ပြန်လိုက်တာပါ။
============