သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းၿမိဳ႕ႀကီးတခ်ဳိ႕မွာ ႐ုရွား စတင္တိုက္ခိုက္ 


Kyiv ၿမိဳ႕မွာ ႐ုရွားက ဒံုးလက္နက္ေတြအေျမာက္ေတြနဲ႔တိုက္ခုိက္တာလို႔  ယူကရိန္းတာဝန္ရွိသူေတြေျပာခဲ့ၿပီးတဲ့ေနာက္ ေငြသားထုတ္ယူဖို႔ စက္ေရွ႕မွာ တန္းစီေနၾကသူမ်ား။ (ေဖေဖၚဝါရီ ၂၄၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ရုရွားအေနနဲ႔ ယူကရိန္းကို စဝင္တိုက္ၿပီး ႏိုင္ငံတဝန္း ေပါက္ကြဲသံေတြညံေနပါၿပီ။ ရုရွားသမၼတက အထူးစစ္ဆင္ေရးေၾကညာၿပီး တျခားႏိုင္ငံေတြ ဝင္မစြက္ဖို႔ ဒီေန႔မနက္ေစာေစာေျပာအၿပီး ခ်က္ခ်င္းကိုျဖစ္လာတာပါ။

ရုရွားအေနနဲ႔ ယူကရိန္းကိုဝင္တိုက္မယ္ဆိုတာသိထားေၾကာင္း ႀကိဳေျပာခဲ့တဲ့ အေမရိကန္သမၼတ Joe Biden ကလည္း ရုရွား သမၼတ Vladimir Putin ရဲ႕ ႀကိဳတင္ျပင္ ဆင္ထားတဲ့စစ္ပြဲႀကီးပါလို႔ ေဝဖန္လိုက္ပါတယ္။

ရုရွားတိုက္ခိုက္လာမူကိုဆန္႔က်င္ေဝဖန္ထားတဲ့ အေမရိကန္အပါအဝင္ ယူကရိန္းရဲ့ အေနာက္ႏိုင္ငံမဟာမိတ္ေတြကလည္း တညီတညြတ္တည္း ပိုျပင္းထန္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မူအသစ္ေတြခ်မွတ္ဖို႔ ထပ္ကတိျပဳထားၾကပါတယ္။

ယူကရိန္းကိုဝင္မတိုက္ပါဘူးလို႔ အရင္ကေျပာခဲ့တဲ့ ရုရွားသမၼတ Putin ကေတာ့ ယူကရိန္း ျခိမ္းေျခာက္မူေၾကာင့္ ယူကရိန္း အေရွ႕ပိုင္းကို အထူးစစ္ဆင္ေရး စတင္လိုက္ပါၿပီိလို႔ ရုပ္ျမင္သံၾကားကေန ေၾကညာလိုက္ပါတယ္။

ဒါ့အျပင္ ယူကရိန္းကခြဲထြက္ပါတယ္လို႔ ႀကိဳတင္ေၾကညာခဲ့တဲ့ Donbas ေဒသတြင္း လုပ္ေဆာင္မူေတြအေပၚ ဆန္႔က်င္သူေတြအေနနဲ႔လည္း မၾကံဳစဖူး ဆိုးက်ိဳးေတြ ခံစားရလိမ့္မယ္လို႔ ျပင္းျပင္းထန္ထန္ ျခိမ္းေျခာက္ခဲ့ပါေသးတယ္။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကလည္း ရုရွားတပ္ေတြအေနနဲ႔ ယူကရိန္းရဲ့ စစ္ေရးအေဆာက္အအံုေတြနဲ႔ နယ္ျခား ေစာင့္တပ္ေတြကို စစ္ဆင္တိုက္ခိုက္ေနျပီး တႏိုင္ငံလံုး စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတာမို႔ ျပည္သူေတြ တည္တည္ျငိမ္ျငိမ္နဲ႔ အိမ္ထဲမွာပဲ ေနၾကဖို႔ တိုက္တြန္းေနပါတယ္။

ယူကရိန္းသမၼတ Zelenskyy က ဆက္ၿပီး ျပည္သူေတြမေၾကာက္ၾကဖို႔နဲ႔ ဒီစစ္ပြဲအတြက္အားလံုးျပင္ဆင္ထားၿပီး အနိုင္ရမွာပါလို႔ ေၾကြးေၾကာ္ေနခ်ိန္မွာ ယူကရိန္းစစ္တပ္ကလည္း ႏိုင္ငံအေရွ.ပိုင္းက တပ္ေတြနဲ႔ ႏိုင္ငံတဝန္းျမိဳ.ႀကီးေတြက ေလယာဥ္ကြင္းေတြကို ရုရွားဘက္က ဗံုး၊လက္နက္ႀကီးေတြ က်ဲခ်ေနတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ယူကရိန်းမြို့ကြီးတချို့မှာ ရုရှား စတင်တိုက်ခိုက်

ရုရှားအနေနဲ့ ယူကရိန်းကို စဝင်တိုက်ပြီး နိုင်ငံတဝန်း ပေါက်ကွဲသံတွေညံနေပါပြီ။ ရုရှားသမ္မတက အထူးစစ်ဆင်ရေးကြေညာပြီး တခြားနိုင်ငံတွေ ဝင်မစွက်ဖို့ ဒီနေ့မနက်စောစောပြောအပြီး ချက်ချင်းကိုဖြစ်လာတာပါ။

ရုရှားအနေနဲ့ ယူကရိန်းကိုဝင်တိုက်မယ်ဆိုတာသိထားကြောင်း ကြိုပြောခဲ့တဲ့ အမေရိကန်သမ္မတ Joe Biden ကလည်း ရုရှား သမ္မတ Vladimir Putin ရဲ့ ကြိုတင်ပြင် ဆင်ထားတဲ့စစ်ပွဲကြီးပါလို့ ဝေဖန်လိုက်ပါတယ်။

ရုရှားတိုက်ခိုက်လာမူကိုဆန့်ကျင်ဝေဖန်ထားတဲ့ အမေရိကန်အပါအဝင် ယူကရိန်းရဲ့ အနောက်နိုင်ငံမဟာမိတ်တွေကလည်း တညီတညွတ်တည်း ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မူအသစ်တွေချမှတ်ဖို့ ထပ်ကတိပြုထားကြပါတယ်။

ယူကရိန်းကိုဝင်မတိုက်ပါဘူးလို့ အရင်ကပြောခဲ့တဲ့ ရုရှားသမ္မတ Putin ကတော့ ယူကရိန်း ခြိမ်းခြောက်မူကြောင့် ယူကရိန်း အရှေ့ပိုင်းကို အထူးစစ်ဆင်ရေး စတင်လိုက်ပါပြီလို့ ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ယူကရိန်းကခွဲထွက်ပါတယ်လို့ ကြိုတင်ကြေညာခဲ့တဲ့ Donbas ဒေသတွင်း လုပ်ဆောင်မူတွေအပေါ် ဆန့်ကျင်သူတွေအနေနဲ့လည်း မကြုံစဖူး ဆိုးကျိုးတွေ ခံစားရလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ရုရှားတပ်တွေအနေနဲ့ ယူကရိန်းရဲ့ စစ်ရေးအဆောက်အအုံတွေနဲ့ နယ်ခြား စောင့်တပ်တွေကို စစ်ဆင်တိုက်ခိုက်နေပြီး တနိုင်ငံလုံး စစ်အုပ်ချုပ်ရေးကြေညာထားတာမို့ ပြည်သူတွေ တည်တည်ငြိမ်ငြိမ်နဲ့ အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းနေပါတယ်။

ယူကရိန်းသမ္မတ Zelenskyy က ဆက်ပြီး ပြည်သူတွေမကြောက်ကြဖို့နဲ့ ဒီစစ်ပွဲအတွက်အားလုံးပြင်ဆင်ထားပြီး အနိုင်ရမှာပါလို့ ကြွေးကြော်နေချိန်မှာ ယူကရိန်းစစ်တပ်ကလည်း နိုင်ငံအရှေ.ပိုင်းက တပ်တွေနဲ့ နိုင်ငံတဝန်းမြို.ကြီးတွေက လေယာဉ်ကွင်းတွေကို ရုရှားဘက်က ဗုံး၊လက်နက်ကြီးတွေ ကျဲချနေတယ်လို့ ဆိုပါတယ်။

============

XS
SM
MD
LG